Monday, August 5, 2013

ဗုဒ္ဓဂယာဒေသမှ စေတနာအလင်း အန္တိမဗောဓိ ကရုဏာဖောင်ဒေးရှင်း

 





သစ်ပင် မြစ် ချောင်း
နို့ကောင်းနွားမ
ဤကာယကား
သီးခါတန် သီး
စီးမြဲစီးလျက်
ဒီးဒီးယိုကျ
ကျိုးဆောင်ရ၏ ။ တဲ့ ။

သစ်ပင်က အသီးသီးခြင်းဟာ သူ့ကိုယ်ကျိုးအတွက်မဟုတ်။လူနှင့် တိရစ္ဆာန်များ စားသုံးရန်အတွက်ဖြစ်သည် တဲ့။

မြစ်များ ချောင်းများ စီးဆင်းနေခြင်းဟာ သူ့ကိုယ်ကျိုးအတွက်မဟုတ် သတ္တ၀ါတွေ
အတွက်သာဖြစ်သည် တဲ့။

နွားမများ နို့ရည်ယိုစီးခြင်းဟာလည်း သူ့ကိုယ်ကျိုးအတွက်မဟုတ် သူ့ သားပေါက်
လေးများနှင့် သတ္တ၀ါများအတွက်ဖြစ်ပါသည် တဲ့။

ဤ ခန္ဓာကိုယ် အတ္တဘောကြီးကို ရရှိနေခြင်းဟာလည်းပဲ အများအကျိုး သယ်ပိုးရွက်
ဆောင်အံ့သောငှါသာ ဖြစ်သင့်ပါသည် တဲ့။အလွန်ကောင်းသော ရှေးသူဟောင်းတို့၏
ဆုံးမသြ၀ါဒ စကားဖြစ်ပါတယ်။

ယခုခေတ်အခါလို အတ္တတွေများပြားလွန်းသော လောကကြီးတွင် ပရသမားတို့ကို သူ
တော်ကောင်းများအဖြစ် သတ်မှတ်ကြရပါသည်။သို့သော် ထိုသူတော်ကောင်းတို့သည်
ကား အလွယ်တကူဖြစ်လာသော သူတော်ကောင်းများ မဟုတ်ကြပါကုန်။လောကသ
ဘာဝအလျောက် အမြင့်တက်နေသူများအားလုံးကို ထိုးနှက်တတ်သော ၊ ဝေဖန်ရှုတ်ချ
တတ်သော ၊ ကဲ့ရဲ့တတ်သော ၊ ပြစ်တင်တတ်သော လောကဓံတို့သည်ကား အင်မတိ
အင်မတန်ပင် ကြီးမားလေစွတကား။မရဲရင့် မစွံ့ဝံ့လျှင်ကား သူတော်ကောင်းဖြစ်ဖို့ မ
လွယ်ကူနိုင်ပါ။ပရအတွက် ဆောင်ရွက်ဖို့ မလွယ်ကူနိုင်ပါ။

ယခုအခါ ဒေါက်တာပညာဒီပသည် ထိုကဲ့သို့သော လောကဓံမှန်သမျှကို ကြံ့ကြံ့ခံကာ
ဗုဒ္ဓဂယာဒေသသို့ရောက်လာကြကုန်သော အမိမြန်မာနိုင်ငံသားတို့အတွက် ဖြစ်တတ်
ကြုံတတ်သော အခက်အခဲများကို ကူညီနိုင်ရန် ရည်ရွယ်ချက်ဖြင့် မိမိ၏ လာဘ်လာဘ
ကို မငဲ့ကွက်ဘဲ အန္တိမဗောဓိ ကရုဏာဖောင်ဒေးရှင်းကြီးကို တည်ထောင်နေပြီဖြစ်ပါ
သည်။

အန္တိမဗောဓိ ကရုဏာဖောင်ဒေးရှင်း အဆာက်အဦးများကို တည်ဆောက်နေဆဲဖြစ်ပါ
သည်။သို့သော် ဆရာတော်သည် ယခုအချိန်မှစကာ လိုအပ်သောအကူအညီများကို
ကူညီဆောင်ရွက်ပေးနေပါပြီ။အန္တိမဗောဓိ ကရုဏာဖောင်ဒေးရှင်းကြီး တည်ဆောက်ပြီး
သွားပါက မြန်မာပြည်မှ ပညာသင်ရဟန်းတော်များ၏ ကျန်းမာရေး ပညာရေးအခက်အ
ခဲများ ၊ မြန်မာပြည်မှ ဘုရားဖူးရောက်လာကြသော ဘုရားဖူးဒကာဒကာမများ၏ ကျန်း
မာရေး နှင့် နေထိုင်ရေး စသောအခက်အခဲများကို ကူညီဖြေရှင်းပေးသွားမည်ဟု သိရပါ
သည်။

ယခုတည်ဆောက်နေသော အန္တိမဗောဓိ ကရုဏာဖောင်ဒေးရှင်း အဆောက်အဦသည်
အလျား=၆၆ ပေ
အနံ =၃၃ ပေ ရှိပြီး
အထပ်=၄ ထပ်ပါ အဆောက်အဦဖြစ်ပါသည်။

၎င်း အန္တိမဗောဓိ ကရုဏာဖောင်ဒေးရှင်းနှင့် ပတ်သက်၍ အသေးစိတ် သိလိုသော
အချက်အလက်များကို အန္တိမဗောဓိ ကရုဏာဖောင်ဒေးရှင်းဆရာတော်
ဒေါက်တာ ဘဒ္ဒန္တ ပညာဒီပ (အိန္ဒိယ) ဖုန်း=+919570755235
Venara Bledipa https://www.facebook.com/venara.bledipa?hc_location
=timeline သို့ဆက်သွယ်၍ လည်းကောင်း ၊

မြန်မာပြည်တာဝန်ခံ ဆရာတော် ဦးဇောတိဿရ ဖုန်း=၀၉၉၄၃၀၄၃၁၉၂ သို့ ဆက်
သွယ်၍လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

No comments:

Post a Comment