Sunday, June 23, 2013
မျက်ဝန်းမှာ သူ့ပုံရိပ် နားစည်မှာ သူ့အသံ
အရှင်နန္ဒ သာသနာ့ဘောင်ရောင်လာပြီးနောက် မြတ်စွာဘုရား နည်းပေးတဲ့ သတိပဋ္ဌန်းအလုပ်ကို အားထုတ်တယ် ။တရား
အလုပ်အားထုတ်ပေမယ့် အရှင်နန္ဒရဲ့ စိတ်က ကမ္မဋ္ဌန်းအာရုံပေါ်  မရောက်ဘူး။ဇနပဒကလျာဏီဆီမှာပဲစိတ်ရောက်နေတယ်အရှင်နန္ဒရဲ့နှလုံးသာမှာ ဇနပဒလျာဏီကပဲလွမ်းမိုးပြီးတော့နေတယ်။
အရှင်နန္ဒရဲ့မျက်ဝန်းထဲမှာဇနပဒလျာဏီကိုပဲ မြင်ယောင်နေတယ် အထူးသဖြင့် အရှင်နန္ဒရဲ့ စိတ်အစဉ်ကို အလွှမ်းမိုးဆုံးကတော့
ဇနပဒလျာဏီ ပြောလိုက်တဲ့စကားလေးတစ်ခွန်းပါပဲ ။ "'အရှင်သား ၊မြန်မြန်ပြန်လာခဲ့ပါ'' နန္ဒမင်းသား သပိတ်ပိုက်ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ နောက် တော်ပါးက လိုက်သွားတာကို ဇနပဒလျာဏီ သိတော့ တစ်ဝက်ပဲ ဖြီးရသေးတဲ့ဆံပင် ၊ရေစိုနေတဲ့ဆပင် ဖားလျားချထားတဲ့ဆံပင်နဲ့ ပြတင်းပေါက်ကနေ အပြေထွလာပြီးတော့ နန္ဒမင်းသားကို  လှမ်းမှာလိုက်တယ် ။
''မြန်မြန်ပြန်လာခဲ့ပါ '' အဲဒိဇနပဒလျာဏီရဲ့ မြန်မြန်ပြန်လာခဲ့ပါ ဆိုတဲ့စကားသံဟာ  အရှင်နန္ဒရဲ့ နားထဲက မထွက်တော့ဘူး။နားထဲမှာ တရစ်ဝဲဝဲကြားယောင်နေတယ် ။ တကယ်တော့ အရှင်နန္ဒရဲ့ စိတ်အစဉ်မှာလွှမ်းမိုးနေတဲ့ဇနပဒလျာ ဏီရဲ့ ပုံရိပ်နဲ့ ဇနပဒလျာဏိရဲ့ အသံဟာ ဝိပဿနာရှုရမယ့် အရှုခံ အာရုံဖြစ်ပါတယ် ။ဝိပဿနာရဲ့ ရှုကွင်း ရှုကွက် ဖြစ်ပါတယ် ။
ဝိပဿနာအလုပ် အားထုတ်ပြိဆိုရင်တော့ စိတ်ပျံ့လွင့်မူဖြစ် တတ်တာ သဘာဝပါပဲ ။အဲဒီ ပျံ့လွင့်တဲစိတ် ကို ပျံ့လွင့်တယ် ၊ ပျံ့လွင့်တယ် ၊စဉ်းစားတယ် ၊စဉ်စားတယ်၊တွေးတယ် ၊တွေတယ်။ စသည်ဖြင့် ရူ့မှတ်ပစ်ရမှာပါပဲ ။
ဒီတော့ စိတ်ပျံ့လွင့်တဲ့နေရာမှာ တချို့က တစ်စုံတစ်ယောက် ၊ သိုမဟုတ် တစ်စုံတစ်ရာကို စိတ်ထဲမှာ မြင်နေတတ်တယ် ။ တချို့ကလည်း တစ်စုံတစ်ယောက်ရဲ့ အသံ သို့မဟုတ် တစ်စုံ တစ်ရာရဲ့ အသံကို နားထဲမှာ ကြားနေတတ်တယ် ။
စိတ်ထဲမှာ တစ်စုံတစ်ယောက် သိုမဟုတ် တစ်စုံတစ်ရာကို မြင်လို့ရှိရင် အဲဒိ မြင်တဲ့အရာကို ငေးပြီးတော့ ကြည့်မနေဘဲနဲ မြင်တယ် ၊မြင်တယ်လို့ အဲဒီမြင်တဲ့ပျောက်သွားတဲ့အထိအောင် စူးစူးစိုက် ရှုမှတ်ရမှာပါ ။
အဲဒီလို မရှုမှတ်ဘူးဆိုရင်တော့ မြင်တဲ့အရာက မြင်ရတဲ့အာရုံက ပျောက်မသွားတဲ့အပြင် တဖြည်းဖြည်းနဲ့ ပီသ ပီသပြီးတော့  ထင်ရှားလာတတ်တယ် ။
ထင်ရှားရုံမကဘူး ၊စိတ်ထဲမှာ မြင်ရတဲ့အရာနဲ့ပတ်သက်တဲ့  အကြောင်းအရာတွေကို အကျယ်ချဲ့ပြီးတော့ တစ်မျှော်တစ် ခေါ်ပြီး အရှည်ကြီး စဉ်းစားပြီးတော့နေတတ်တယ် ။
တချို့ ယောဂိပုဂ္ဂိုလ်က အဲဒီလိုစဉ်းစားပြီးတော့နေပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ် စဉ်းစားလို့ စဉ်းစားနေမှန်းမသိဘူး၊ ဝင်တယ်
ထွက်တယ်၊ဝင်တယ်၊ထွက်တယ် ဒါပဲမှတ်နေတယ်လို့ထင်တယ် အပေါ်ယံစိတ်ကတော့ ဆိုနေမှာပဲ ၊ဝင်တယ် ထွက်တယ်၊ဝင် တယ်၊ထွက်တယ် ။ဒါပေမဲ့ တကယ်အတွင်းစိတ်ကတော့ စိတ် ကူးထဲမှာ မြင်ရတဲ့အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီးတော့  အကျယ်ချဲ့ပြီး စဉ်းစားနေတယ် ။
အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် စဉ်းစားလို့ စဉ်းစားနေမှန်း ၊ပျံလွင့် လို့ ပျံ့လွင်းနေမှန်း မသိဘူးဆိုရင်တော့ စိတ်တည်ငြိမ်မူ သမာဓိ
မရနိုင်ဘူး ။စိတ်တည်ငြိမ်မူ သမာဓိမှ မရနိုင်ရင် ဝိပဿနာဥာဏ် ဖြစ်ဖို့ဆိုတာ မျှော်လင့်ချက် မရှိတော့ဘူး ။
ဒါကြောင့် စိတ်ကူးထဲမှာ တစ်စုံတစ်ယောက်၊သို့မဟုတ် ၊တစ်စုံ တစ်ရာကို မြင်လို့ရှိရင် မြင်တယ်၊မြင်တယ်လို့ မြင်တဲ့အရာ
ပျောက်တဲ့အထိ စူးစူးစိုက်စိုက် ရှုမှတ်ဖို့ အထူးသတိထားရမယ်။
မြင်တယ် ၊မြင်တယ်လို့ မရှုမှတ်ချင်ဘူးဆိုရင်လည်းပဲ စိတ်ကူးထဲ မှာ မြင်ရတဲ့အရာနဲ့ ပတ်သက်ပြီးတော့ သာယာနှစ်သက်  တပ်မက်သွားတဲ့စိတ်ကို သာယာတယ်၊နှစ်သက်တယ်၊တပ်မက် တယ် စသည်ဖြင့်ရှု့မှတ်သွားရမှာပါပဲ ။
(ဆရာတော်အရှင်ဆန္ဒာဓိက).....ဘယ်အိမ်မှာနေကြမလဲစာအုပ်မှတဆင့်ကူးယူတင်ပြဒါနပြုပါသည် ။
Sunday, June 9, 2013
ဆရာတော်ကြီးများ၏ မှတ်သားဘွယ်ရာ သြဝါဒကထာ
အပါယ်မည်သည် တကြိမ်ကျခဲ့လျှင် ဘဝအသင်္ချေ သွားတတ်ချေသည်။ ယခုဘဝ၌ ဒါနမှုနည်းပါး၍ ကာယကံ မလုံခြုံ၊ ဝစီကံ သောင်းကြမ်း၊ မနောကံ ညစ်နွမ်း၍ စရစတရား နည်းပါးသောသူတို့သည် သေသည့်အခြားမဲ့၌ အပါယ်ကျမှုအားကြီးလျက်ရှိနေကြကုန်၏။
အခန့်တော်၍ သုဂတိဘဝသို့ ရောက်ကြပါကုန်သော်လည်း ဒါနဟူသော စရဏတရား နည်းပါးခဲ့သည့်အတွက် ဖြစ်လေရာဘုံဘဝ၌ ဓနဥစ္စာချို့တဲ့မှုနှင့် ကိုယ်မချမ်း စိတ်မချမ်း  အသက်မွေးကြမ်းတမ်းမှု အပါယ်လမ်းတမျိုး၊ နိစ္စသီလ ဥပေါသထသီလဟူသော စရစတရား နည်းပါးခဲ့သည့်အတွက် တွေပရှိသောသူတို့နှင့် ခိုက်ရန်ဒေါသ ဝိဝါဒကြီးပွား အနာရောဂါများပြားမှု အပါယ်လမ်းတမျိုး၊ ဤသို့သော အပြစ်ဒေါသတို့သည် ဘဝတိုင်းတွေ့ကြုံ၍ အထုံဝါသနာ အစဉ်ပါသဖြင့် သုဂတိဘုံမှာ များစွာဆက်လက်ခွင့်မရကြကုန်မူ၍ အပါယ်သို့သာ မကြာခင် ကျရောက်ကြလေကုန်ရာ
သောကြောင့် ဒါန-သီလ ဟူသော စရဏတရား နည်းပါးသောသူတို့သည် နောက်ဘုရားနှင့် တွေ့ကြုံရန် အခွင့်အလမ်းနည်းပါးလျက်ရှိကြလေကုန်သတည်း။
(လယ်တီဆရာတော်)
လူတွေကိုသာ ပြောပြောနေရတယ်။ တို့ဘုန်းကြီးတွေကော လာဘ်လာဘတွေ ပေါများချင်ကြတယ်။ ဘုန်းကြီးချင်ကြတယ်။ ဒါယကာ ဒါယိကာမတွေ ပေါများချင်ကြတယ်။ ဒါတွေပေါများလာရင် သာယာမှုတဏှာက ပါလာပြီ။ တဏှာပါလာရင် “ငါမှငါ” ဆိုတဲ့ မာနက ပါလာပြီ။ သံသရာကို ချဲ့ထွင်တတ်တဲ့ တရားတွေက နောက်ကလိုက်လာပြီ။ ဘုန်းနောက်လိုက်ရင် သွားရမယ့်နိဗ္ဗာန်နဲ့ ဝေးပါသေးတယ်။ နိဗ္ဗာန်သွားတဲ့လမ်းအကျင့်နဲ့ ဂုဏ်ပေါများအာင် ကျင့်တဲ့အကျင့်ဟာ တခြားစီပဲ။ သာသနာမှာ အချောင်နေ၊ အချောင်စား လုပ်နေရင် နောက်ဘဝ မသက်သာဘူး။ ဒါကြောင့် ကိုရင်တို့ ဦးဇင်းတို့ ကောင်းကောင်းနေကြ။ ဘုရားအာရုံပြုနေကြ။
( အမရပူရ မဟာဂန္ဓာရုံ ဆရာတော်)
အခု သက်တမ်းတရာဆိုတော့ တရာထက် မလွန်ကြဘူး။ တရာတွင်းမှာပဲ ပျောက်ပျောက်ကုန်ဆုံးသွားတယ်။ နောက်တဖန် ဒီဘဝမျိုး ရချင်မှရမယ်။ အင်မတန်ရခဲတာပဲ။ အပါယ်လေးပါး တခါကျရင်လည်း ပြန်လွတ်ဖို့မလွယ်ဘူး။ မတော်တဆ ကျသွားရင်ပြေတာ။ ဒါကြောင့် ဘုရားက လူချမ်းသာနဲ့လည်း မလဲစေချင်ဘူး။ နတ်ချမ်းသာကော ထို့အတူပဲ။ အသက်ရှည်တယ်ဆိုပေမယ့် ပဋိသန္ဓေရှိရင် စုတိတာပဲ။ တနေ့ကျ စုတိသွား ရွေ့သွားပြီးတော့ အပါယ်လေးပါး ကျချင်ကျသွားမယ်။ သံသရာဝဋ်၏ ဒုက္ခမလွတ်ဘူး။
( စစ်ကိုင်း ရွှေဟင်္သာဆရာတော်)
သာသနာ့လမ်းစဉ်ဆိုတာ “စေရာသွား၊ ထားရာနေ” ဆိုတဲ့ ဖန်ဆင်းရှင်ဝါဒလည်း မဟုတ်ဘူး။ “ကြိုက်သလိုနေ၊ အချိန်တန်ရင် လာကယ်မယ်”လို့ အာမခံ တာဝန်ယူထားတဲ့ ကယ်တင်ရှင်ဝါဒလည်း မဟုတ်ဘူး။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ၊ ကိုယ်ရကိုယ်ယူ ဆိုတဲ့ ကမ္မဿကတာဝါဒသာ ဖြစ်တယ်။ ကိုယ့်ဒုက္ခ ကိုယ်ပဲ နုတ်ရ, လျှော့ရမယ်။ ကိုယ့်ချမ်းသာကို ကိုယ်ပဲရအောင်ယူရမယ်၊ သာသနာဆိုတာ လမ်းခင်းပေးရုံ လမ်းညွှန်ပေးရုံ လမ်းဖွင့်ပေးရုံပဲ တတ်နိုင်ပါတယ်။ လမ်းပေါ်ရောက်အောင်တက်သွားပြီး သွားရမှာကတော့ ကိုယ့်အလုပ်ပါ။
 ( တိပိဋက ယော-ဆရာတော်) 
အကြင်သူသည် လောကီစည်းစိမ်၊ လောကီချမ်းသာမျှကိုသာ တောင့်တ၍ လွန်ကဲစွာပင် ဒါန, သီလကို အားထုတ်၏။ လုံ့လပြု၏၊ ထိုသူသည် ကိုယ့်ကိုယ်ကိုပင် သံသရာဝဋ်ဒုက္ခ၌ ရောင်းစား ပေါင်နှံသူမည်၏။
(စတုဂီရိ တောင်လေးလုံး ဆရာတော်၊ အမရပူရ) 
တချို့က ပစ္စည်းလေးပါးကို အလွယ်တကူရအောင်၊ ဘုန်းကြီးအောင် ကြိုးစားအားထုတ်နေကြတယ်။ လှူမည့် ဒကာ ဒကာမတွေများအောင် နည်းအမျိုးမျိုးနဲ့ အားထုတ်နေကြတယ်။ တချို့ အကြားအမြင်ပေါက်သယောင်ယောင် သူတပါးစိတ်ကို သိသယောင်ယောင် ဟန်ဆောင်နေကြတာလည်းရှိတယ်။ ရဟန္တာဖြစ်သယောင်ယောင် ဟန်ဆောင်နေကြတာလည်း ရှိတယ်။ တချို့က ထွက်ရပ်ဝိဇ္ဇာ ပေါက်သယောင်ယောင်၊ ကျန်းမာရေး, စီးပွားရေး, ရာထူးဌာနန္တရ မဆုတ်ယုတ်ဘဲ တိုးတက်ရေး စသည်အတွက် စွမ်းဆောင်နိုင်သယောင်ယောင်၊ ဒီလိုဟန်ဆောင်နေတာလည်း ရှိတယ်။ အဲဒီလို မတရားသဖြင့် စီးပွားရှာမှုကိုတော့ ဝိနည်းတော်အရ လုံးဝမပြုသင့်ပါဘူး။
(မဟာစည်ဆရာတော်) 
ဘာမဆို ကံကိုယုံပြီး ပုံထားသူများကဲ့သို့ နတ်ကိုယုံပြီး ပုံထားမှုမျိုးကား မပြုအပ်ပါ။ ရတနာသုံးပါးအပေါ်၌ ယုံကြည်လွန်းလေ၊ အာရုံပြုလွန်းလေ ကောင်းလေ ဖြစ်သော်လည်း နတ်များအပေါ်၌ အလွန်အကျွံပြု၍ ယုံခြင်းမျိုး၊ နတ်ရူး, ရူးသည်ဟုဆိုရလောက်အောင် အဖြစ်မျိုးကား မလိုလားအပ်သော ယုံကြည်မှုမျိုး ဖြစ်ပါသည်။
အချို့ကား ဘုရားဆွမ်းတော်တင်ရန်၊ ရေချမ်းကပ်ရန်၊ ဆီမီးကပ်ရန်၊ ပန်းကပ်ရန်ကား သတိမရပါ။ နတ်ပွဲကိုမူကား တရိုတသေ ပြုစုပသ ကြ၏။ ဘုရားထက်ပို၍ နတ်ကို ရိုသေလေးစားသော ပူဇော် ပသမှုမျိုးကား မိမိ၏ဗုဒ္ဓဘာသာ မပီသမှုကို ဖော်ပြခြင်းဖြစ်ရာ ထိုအမှုမျိုးကို ရှောင်ရှားရန် အထူးပင် သတိပြုဖို့ လိုအပ်ပါသည်။
(ဓမ္မဒူတ အရှင်ပညာဇောတ)
-ရဟန်းသည် သီလအတွက် အသေခံသည်။
-ရဟန်းသည် သမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
-အမျက်ထွက်လာသူကို သည်းခံလျှင် နှစ်ဦးလုံး အကျိုးရှိ၏။
-ကျမ်းဂန်တတ်၍ သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။
-ခြင်္သေ့သည် ကျားကို နိုင်၏။ ကိုယ်တွင်းက ခွေးလှေးသန်းကို မနိုင်။  
-မသူတော်သည် သူတော်ကောင်းကို နိုင်၏။ ကိုယ်တွင်းက အကုသိုလ်ကို မနိုင်။
(ရွှေကျင်ဆရာတော်ကြီး မင်းတုန်းမင်းလက်ထက်)
မိဘကောင်းတို့သည် သားသမီးကို ပစ္စည်းဥစ္စာထက် အသိအလိမ္မာနှင့် ပညာပေးကာ ချီးမြှောက်လိုကြ၏။ ပစ္စည်းဟူသည် ပျက်စီးတတ်၍ မပျက်မစီး, ထာဝရတည်သော ကောင်းကျိုးကိုလည်း အရှည်ပေးတတ်သော ထိုချီးမြှောက်မှုမှာ မှန်ကန်သော ချီးမြှောက်မှုပင် ဖြစ်၏။
ထိုကဲ့သို့ ချီးမြှောက်သော မိဘများမှာ သားသမီးကို တကယ်ချစ်သော သားသမီး၏ မိတ်ဆွေများတည်း။ သားသမီးကို အလိုလိုက်တတ်၊ မဆုံးမတတ်သော မိဘများမှာ ချစ်ရာမရောက် နှစ်ရာရောက်၍ ရန်သူများပင် ဖြစ်၏.
(သပြေကန်ဆရာတော် ဦးဝါသေဋ္ဌာဘိဝံသ)
ဒါနဲ့---ဒကာ ဒကာမတွေ အချို့ သေသွားတဲ့အခါကတော့ အမောဆိုက်ပြီး တခါ သားကိုစိတ်မချ၊ သမီးကို စိတ်မချ၊ ပစ္စည်းကို စိတ်မချဖြစ်ပြီး ဝန်တွေပိပြီး သေသွားကြတဲ့ပုဂ္ဂိုလ်တွေ အင်မတန်များကြတယ်။ ဒါဖြင့် ဝန်ပိသေတဲ့ပုဂ္ဂိုလ် ကောင်းရာသုဂတိ လားနိုင်မလားလို့ မေးကြည့်ရင် မလားနိုင်ပါဘူး။
(မိုးကုတ်ဆရာတော် ဦးဝိမလ) 
အနမတဂ္ဂ သံသရာ၌ သဗ္ဗညုဘုရားကို ကိုးကွယ်ကြရသော ဘဝကား အလွန်နည်းပါး၏။ ရံခါ ဗြဟ္မာကို ဘုရားဟု ကိုးကွယ်ကြရကုန်၏။ ရံခါ သိကြားကို၊ ရ့ခါ ထိုထိုနတ်ကြီးတွေကို၊ ရံခါ နေကို ဘုရားဟု ကိုးကွယ် ကြရကုန်၏။ ဂံခါ လကို၊ ဂံခါ ထိုထိုနက္ခတ်ကို၊ ရံခါ ဘုမ္မစိုးနတ်ကြီးကို၊ ဘီလူးကြီးတေါကို ဘုရားဟု ကိုးကွယ် ကြရကုန်၏။ လောက၌ အလွန်ယုတ်မာမှောက်မှားသော မိစ္ဆာဒိဋ္ဌိဆရာကြီးတို့ကား ကမ္ဘာ့တန်ဆာ၊ ကမ္ဘာ့မြေစာကဲ့သို့အလွန်တရာ ပေါများကြကုန်၏။
ထိုမိစ္ဆာဒိဋ္ဌိ အယုတ်တမာကြီးတွေကို တွေ့မိတွေ့ရာ ဘုရားဟူ၍  ကိုးကွယ်ကြကုန်သော ဘဝတို့ကား အလွန်များပြားကြကုန်၏။ ဂံခါ နဂါးကို၊ ရံခါ ဂဠုန်ကို၊ ရံခါ မြစ်ကို၊ ရံခါ မီးကို၊ ရံခါ ရေကို ဘုရားဟူ၍ ကိုးကွယ် ကြရကုန်၏။ ဤသို့လျှင် ကိုယ်တွင်း၌ သက္ကာယဒိဋ္ဌိ အမှောက်အမှားကြီးရှိနေကြကုန်သော ပုထုဇဉ်သတ္တဝါတို့၏ တဘဝ တဘဝလျှင် တမျိုး တမျိုး ကိုးကွယ်ရာဘုရားမည်သည် လောကဓာတ်၌ အလွန်များပြား၏။ ကြပ်ကြပ်ကိုးကွယ်လေလေ အပါယ်ငရဲ ကြပ်ကြပ်နက်နဲလေလေသာ ဖြစ်၏။
(လယ်တီဆရာတော်)
သာသနာတော်ဟာ အမြဲတမ်း တည်တံ့ခိုင်မြဲနေမှာ မဟုတ်ဘူး။ နော်ကဆုံးကာလ ကွယ်ပျောက်မှာ မလွဘြူး။ သာသနာတော်ကြီး မကွယ်ပျောက်ခင် မိမိတို့ တဖက်တလမ်းကနေ စောင့်ထိန်းရမယ်။ သာသနာတော်ကြီးဟာ ပြောင်းလဲနေတယ်။ မတည်မြဲဘူး။ တကယ့်ရဟန္တာများ လက်ထက်ကတောင် ပြောင်းလဲနေသေးတယ်။ ခုခေတ်ပုဂ္ဂိုလ်များလက်ထက်မှာ ပြောစရာမလိုတော့ဘူး။
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်သွားပေမယ့် ဟောကြားဆုံးမတော်မူတဲ့ တရားဒေသနာတွေ များစွာကျန်ခဲ့တယ်။ အဲဒီတရားတော်တွေအတိုင်း ပြောဆိုနေထိုင်သွားရင် နိဗ္ဗာန်နဲ့ မဝေးဘူး။ နီးဖို့ရန်သာ အကြောင်းရှိပါတယ်။ ဗုဒ္ဓတရားတော်တွေကို သိနေတဲ့သူဟာ သေရမှာကို မကြောက်ပါနဲ့။ သေရမှာကြောက်သူဟာ တရားတော်ကို အထင်သေးရာရောက်နေပါတယ်။ ဒါကြောင့် မတည်မြဲနိုင်တဲ့ သာသနာတော်ကြီးမှာ ကိုယ့်ကိုယ်ကို ကောင်းကောင်းထားလိုက်ရမယ်။
(အမရပူရ မဟာဂန္ဓာရုံ ဆရာတော်)
လောကမှာ အယူအဆ အတွေးအခေါ်တွေ မှားနေရင်၊ စဥ်းစားနှိုင်းချိန်တတ်တဲ့ အသိတရားတွေ ကင်းကွာနေရင် ကံအရှိ၊ ခန္ဓာအရှိ၊ သံသရာအရှိ၊ တရားအရှိ၊ သစ္စာအရှိ စတဲ့ အကျိုးတရားတွေကို ရှိတဲ့အတိုင်း သိမြင်နိုင်ခွင့် မရတော့ပါဘူး။
ကိုယ့်အတွက်သာကြည့်တတ်ပြီး သူ့အတွက် မကြည့်တတ်ရင်၊ မျက်မှောက်အတွက်သာ မြင်တတ်ပြီး
နောင်ရေးအတွက် မမြင်တတ်ရင် လောကီအတွက်သာ ဦးတည်တတ်ပြီး လောကုတ္တရာအတွက် ဦးတည်ချက်မထားတတ်ရင် တဖက်မျှသာမြင်သူဖြစ်လို့ လူ့စွမ်းရည်မကုံလုံ မပြည့်စုံသေးပါဘူး။ လူစင်မမီ၊ လူသားမပီသသေးပါဘူး။
(တိပိဋက ယော-ဆရာတော်)
-မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ၊ စကားလှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ ရွံစရာသာတည်း။
-ဆုံးမချင်သူ သဲလုံးအတူများပါစေဟု ရှင်ရာဟုလာ နှလုံးသွင်းသည်။
(ပထမရွှေကျင်ဆရာတော် မင်းတုန်းမင်းလက်ထက်) 
ဘာမှမလုပ်ဘဲ ထိုင်ပြီးဆုတောင်းနေရုံနဲ့ ကယ်တင်မယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ မက်လုံးနဲ့ ဆွဲဆောင်တာကို အဟုတ်မှတ်ပြီး ထိုင်နေလို့ကတော့ ငတ်ရုံပဲပေါ့။ တချို့က ရှိသေးတယ် စီးပွားရေးမြင့်တက်လာအောင် နတ်ကန္နားပေးရမယ်ဆိုပြီးနတ်ကတော်က နတ်နဲ့ခြောက်,မြှောက်တာမျိုးကို ယုံတဲ့သူတွေလဲ မနည်းဘူး။ တကယ်တော့ နတ်တွေဆိုတာကလည်း လူတွေမျှော်မှန်းသလို အစွမ်းအစ ဘာမှရှိတာမဟုတ်ဘဲနဲ့ အခြေအမြစ်မခိုငတဲ့ဟာတွေ ယုံမှတ်နေပြန်ရင်လည်း လူညံ့လူဖျင်း ဖြစ်သွားနိုင်တယ်။ ဗုဒ္ဓဘာသာကို အရောင်ညှိုးအောင်လုပ်ဆောင်နေတာဟာ တောင်ပြုံးနတ်ပွဲလို ထင်ရောလျှက်ြလုပ်နေကြတဲ့ နတ်မြှောင်တွေောကာင့် ရတနာ ၃-ပါးကို တမျိုးတဖုံနဲ့ ထိခိုက်စေတယ်ဆိုတာကို ဒီနေ့ လူငယ်တွေ နားလည်ကြပါ။ အလိမ်အညာ မခံရအောင် စာများများဖတ်ကြစေချင်တယ်။ ယုတ္တိတန်သလား မတန်ဘူးလားဆိုတာ နက်နက်နဲနဲ တွေးကြံဆကြပါ။
(ဆရာတော် ဦးအာစိဏ္ဏ-တမ္ပဝတီ)
ဤနတ်ဝါဒသည် ရှေးအခါက လူတွေရိုင်စိုင်းလေ အားကောင်းလေ ဖြစ်ခဲ့၏။ ယခုအခါ၌ပင် မြန်မာပြည် တောင်ပေါ်ဒေသများ၌ ကျွဲနွားစသော တိရစ္ဆာန်တိုပကို သတ်ဖြတ်ကာ ယစ်ပူဇော်နေကြသေး၏ ။ မြို့ရွာများ၌လည်း ထုံးတမ်းစဉ်လာ ရိုးရာအလိုက်ဟုယူဆကာ နတ်ပွဲများကို ကျင်းပနေကြ၏။ အထူးအားဖြင့် နှစ်စဉ်နှစ်တိုင်း ဝါခေါင်လဆန်း(၈)ရက်မှ ဝါခေါင်လကွယ်နေ့တိုင်အောင် တောင်ပြုံးနတ်ပွဲနှင့် ရတနာ့ဂူနတ်ပွဲများသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာပြည်၏ ရုပ်ပျက်ဆင်းပျက် အမည်းကွက်များ ဖြစ်ပါသည်။
(ပထမကျော်ဘွဲ့ရ ဦးပညိန္ဒာဘိဝံသ ခါတော်မှီဆရာတော် မိုးကုတ်မြို့)
ဒါကြောင့် နတ်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ၊ ဝိဇ္ဇာတွေ, ဘိုးတော်တွေ ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ၊
ဗေဒင်ဆရာကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေ ဆင်းရဲဒုက္ခရောက်လာပြီဆိုရင် ခြေမကိုင်မိ လက်မကိုင်မိတွေ အများကြီး ဖြစ်လာကြတယ်။ ဟုတ်တယ်မဟုတ်လား။ တကယ် ဘယ်သူလာကယ်ပါ့မလဲ ...
ဗေဒင်ဆရာလည်း တကယ်ဖြစ်လာပြီဆိုရင် မကယ်နိုင်ဘူး။ နတ်ကရော ကယ်နိုငမလား၊ မကယ်နိုင်ပါဘူး။ သေစရာရှိ သေမှာပဲ၊ ဆင်းရဲစရာရှိ ဆင်းရဲမှာပဲ ဟုတ်ရဲ့လား။
(ကျစွာဆရာတော် ဦးလက္ခဏ) 
ဝိပဿနာအလုပ် လုပ်တယ်ဆိုတာ တမင်ရှာပြီး လုပ်နေရတာ မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ် ကြည့်ရုံပါပဲ။ ကြည့်တော့ ဖောက်ပြန်ပျက်စီးနေတာအမျိုးမျိုး ခန္ဓာမှာတွေ့ရမှာပဲ။ ခန္ဓာအရှိကို ဉာဏ်အသိနှင့်ကိုက်ရင် ယထာဘူတဉာဏ်၊ ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်၊ နိဗ္ဗာန်ဆိပ်ဦးရောက်ပြီလိှု့ဆိုင်နိုင်တယ်။
(မိုးကုတ်ဆရာတော် ဦးဝိမလ)
သူတပါး၏အပြစ်ကို မရှုရ၊ ကိုယ့်အပြစ်ကို မြင်အောင် ရှု၍ အပြစ်မှလွတ်အောင် ပြုရမည်။ သူ့ပစ္စည်းကို မလိုချင်ရ၊ ကိုယ့်ပစ္စည်းအစစ်ဖြစ်သော အကျင့်တရားကိုသာ သမ္မာဆန္ဒဖြစ်စေရမည်။ ကြောက်လန့်ရအောင် မနေရ၊ ကြောက်လန့်ရန်မရှိအောင် နေရမည်။ စာပေကျမ်းဂန်တတ်သိခြင်း မမှားစေရ၊ စာပေကျမ်းဂန်တတ်ခြင်း၊ အမှန်သို့ကျအောင် သတိသမ္ပဇဉ် ပြုရမည်။
စာပေကျမ်းဂန် တတ်ရုံမျှနှင့် မနေရ၊ တရားတတ်သိအောင် အားထုတ်ကျင့်ကြံရမည်။ သံသရာ၌ အသက်ရှည်ရန်ကို မလိုအပ်၊ သံသရာသက်တိုရန်ကိုသာ လိုအပ်သည်။ ရြှ်လျားသော တဏှာကိုဖြတ်၍ တိုသေးသောပါရမီကို ဆက်ရမည်။
(စစ်ကိုင်း ဝါးချက်မင်းကျောင်းဆရာတော်ကြီး)
သူ့ကိုလည်း ငါမပိုင်၊ ငါ့ကိုလည်း သူမပိုင်၊ ကယ်သူ့ကိုမှ ဘယသူမပိုင်၊ ငါ့ကိုယ်သော်မှ ငါမပိုင်။
အချိန်တိုင်းက ငါဖြစ်ချင်သလို မဖြစ်၊ သူဖြစ်ချင်သလိုဖြစ်။
ဥစ္စာကသော်လည်း လူကိုပစ်၊ လူကသော်လည်း ဥစ္စာကိုပစ်၊ 
စင်စစ်မုချ အမြဲမရှိ အနိစ္စ၊ ကြောက်စရာ ဒုက္ခ၊ အစိုးမရ အနတ္တ-ဟု မပြတ်နှလုံးသွင်းကြလေ။
(ဒီပဲရင်းဆရာတော်ကြီး)
သရဏဂုံဟာ ကလေးသူငယ်ကအစ လူတိုင်း လူတိုင်းနဲ့ သင့်လျော်တယ်။ ဘာမျှမကုန်ခန်း မပင်ပန်းဘဲနဲ့လည်း သရဏဂုံတည်မှုကို ရနိုင်တယ်။ သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင်
၁။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ကို အပ်နှံခြင်း။
၂။ ဘုရား တရား သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း။
၃။ ရတနာသုံးပါး၏ တပည့်အဖြစ် ခံယူခြင်း၊ 
၎။ ရတနာသုံးပါးကို ရိုသေစွာရှိခိုးခြင်း
အဲဒီလေးပါးအနက်မှ တပါးပါးကို ပြုလုပ်လိုက်ရင် ပြုလုပ်တဲ့သူဟာ သရဏဂုံတည်တယ်လို့ မှတ်ယူရမယ်။
(တောင်ပုလုတောရ ဆရာတော်)
လူ့ဘဝဆိုတာ အကာနှင့်အနှစ် ခွဲခြားသိမြင်တတ်မှသာ အကာကိုခွဲပြီး အနှစ်ကို ဆွဲထုန်ယူနိုင်ပါလိမ့်မယ်။ အကာလောက်ကိုသာ အနှစ်ထင်နေရင် (သို့မဟုတ်) အကာနှင့်အနှစ်  ပြောင်းပြန် အမြင်လွဲနေရင် အဖိုးတန်လှတဲ့ လူ့ဘဝမှာ အနှစ်မတွေ့ရတော့ဘဲ အကာနဲ့သာ တဘဝ ဆုံးတတ်ပါတယ်။
(တိပိဋကဓရ ယော-ဆရာတော်) 
Monday, June 3, 2013
အကျော်အမော်ဆရ်ာတော်ဘုရားကြီးတို့ ၏ လုံ့ လဝီရိယ သြဝါဒများ
လုံ့ လမရှိသော သူတို့ ၏ ဥစ္စာကား လုံ့ လရှိသူတို့ ၏ ဧကန်မလွဲ ရောက်မြဲဖြစ်၏။ လူပျင်းလူညံ့တို့ သည်ကား အပတ်တကုတ် အားမထုပ်ဘဲ ရှေးအတိတ်ကံသာ အားကိုးရာ ပဓာနဟု
ဆိုစမှတ် ပြုကြကုန်၏။ လူတော်လူကောင်းတို့ သည် ပြုဖွယ်ကိစ္စ မှန်သမျှကို လုံလစိုက်ထုပ် အားထုတ်ကြိုးပမ်း ဆောင်ရွက်တက်ကုန်၏ ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် အပြစ်တင်ဒေါသ အဘယ်မှာ ခံရဖွယ်ရှိအံ့နည်း (လောကနီတိ ပဏ္ဍိတ ကဏ္ဍ)
တစ်စပ်တည်းတစ်ဆက်တည်း
သင်ကြား မှတ်သားထားတာတွေ အများကြီးရှိပါတယ် ။တက်လဲတက် သိလဲသိကြပါတယ် ။အဲဒီအထဲက ကိုယ်ကြိုက်နှစ်သက်ရာ တစ်ခုခုကို စူးစူးစိုက်စိုက် ဝီရိယသန်သန်နဲ မှန်မှန်လုပ်ရန်သာ အရေးကြီးတယ်
(ဝေဘူဆရာတော်)
အရင်းအနှီး
အစွမ်းသတ္တိရှိရှိ လုံ့ လဝီရိယရှိရှိ ကြီးကြီးမားမားနဲ အလုပ်ကို တန်ဖိုးထားလုပ်မယ်ဆိုရင် နေရာတကာမှာ သြဇာညောင်းလာပါလိမ့်မယ် ။လုပ်သမျှအလုပ်တွေ အောင်မြင်ပြီါ် အထွတ်အထိတ် ရောက်တယ်ဆိုတာ အရင်းစစ်လိုက်တော့ ကြိုးစားကြလို့ ပါ အမြင့်ရောက်သူတိုင်း လုံ့ လဝီရိယနဲ ကြိုးစားခဲ့ရတာချည်းပါပဲ (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
ဝမရှိလျှင် ဝိမဖြစ်
လုံ့ လမရှိတဲ့သူ ဝီရိယနည်းတဲ့သူဟာ စီးပွားလဲ မတက်ဘူး ။ဂုဏ်လဲမတက်ဘူး ကိုယ့်မှာမှ စီးပွားနဲ့ ဂုဏ် မပြည့်စုံရင် သူများအတွက်လဲ အကျိုးမဆောင်ရွက်နိုင်ဘူး ။သူများအကျိုးဆောင်မှ ကိုယ့် အကျိုးအောင်ဆိုတော့ သူအကျိုးမဆောင်တော့ ကိုယ့် အကျိုး မအောင်တော့ဘူးပေါ့
(မဟာသီဟနာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အာစိဏ္ဍ)
အရင်းစိုက်မှ အမြတ်ရ
ဝီရိယကင်း၊ ပျင်းရိသူမှာ
ကိစ္စအားလုံး၊ ဆုံးရှုံးသည်သာ
အေးလှပူလှ၊ စောလှဆိုတာ
အချိန်ဖြုန်း၊ လူလုံးမလှပါ။
သားများသေဌ်နင်း၊ ခြင်္သေ့မင်းပင်
လုံ့ လမစိုက်၊ အိပ်ငိုက်နေလျှင်
ယုန်ငယ်ကစ၊ မိဂသမင်
ပါးစပ်တွင်း အလျှင်းလာမဝင်။
(စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး)
နောက်မဆုတ်တမ်း
အကျိုးရှိမည့် အလုပ်မှန်လျှင် မည်သူကပင် နှောင့်ယှက်ဖျက်ဆီးစေကာမူ စိတ်မပျက် လက်မပျက်
မလျော့သော လုံ့ လဝီရိယဖြင့် စွဲမြဲစွာ လုပ်ကိုင်ပါလေ။(မကွေးဆရာတော်ကြီး)
အအ အန
ဝီရိယပျောက်တော့ နတတ ဖြစ်တယ်။ ဝီရိယပျောက်သွားတဲ့အခါ ကိုယ့်လက်တစ်ကမ်းမှာ ကိုယ့်ကို
ကယ်တင်ပေးနိုင်တဲ့ စွမ်းအားတွေ တန်းစီနေကြပါရဲ့သားနဲ ဝီရိယနဲ မထုပ်နိုင်တဲ့အတွက် စွမ်းအားတွေ
လက်လွတ်ာ ဖြစ်သောကြောင့်ပါတယ်တဲ့။(တိပိဋကဓရ၊ယော ၊ဆရာတော်)
မြင့်ကြစမ်းပါ
ကိုယ့်ရည်ရွယ်ချက် ရှိတဲ့အတိုင်း ပြီးပြည့်စုံအောင် မြင်ကြပါ သူတော်ကောင်း အစားစားတို့ သည်
နိဗ္ဗာန်ဝင်စံသွားကြတာ အသီးသီးရှိပါတယ်။ သူတော်ကောင်းတို့ ကလဲ ဤကဲ့သို အတုယူပြီးဝီရိယကို ထူတောင်ကြမယ်ဆိုရင် ပစ္စပ္ပန် သံသရာနှစ်ဖြာ ပြည့်စုံကြမယ် ။ဒါကြောင့် ဝီရိယကို ထူထောင်ပြီး အားထုပ်ပြီး ယူကြပါ (ဝေဘူဆရာတော်)
လုံ့ လကြောင့်
ယခုအခါ ဥရောပတိုက်သားတို ယုံကြည်ကိုးကွယ်သော ခရစ်ယာန်ဘာသာဝင် တစ်နေ့ တစ်ခြားလူဦးရေ
တိုးပွားလာခြင်းမှာ ထိုဘာသာဝင် လူမျိုးနှင့်ဘုန်ကြီးတို့ ၏ အားထုပ်မှု လုံ့ လဝီရိယကြောင့်သာ ဖြစ်သည်။
အာရှတိုက်သားတို ကိုးကွယ်သော ဗုဒ္ဓဘာသာဝင် လူမျိုးများသည် မကြာမကြာ ခရစ်ယာန်ဘာသာဝင်အဖြစ်သို ကူးပြောင်းသွားကြခြင်းမှာ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့် သည် မိမိတို့ ဘာသာ ကို တိုးပွားစေခြင်းငှါ လုံးလဝီရိယကို ကောင်းစွာ အားမထုပ်ခြင်းကြောင့် ဖြစ်သည်
(ရွှေဟင်္သာတောရ စံကျောင်းဆရာတော်ဘုရားကြီး)
ရဲရင့်သူတို့ ၏ စိတ်ထား
ကုသိုလ်လုပ်ငန်းနဲ ပတ်သက်ရင်ငါ့တာဝန် မရှိဘူးဆိုပြီး တာဝန်ချထားတဲ့ပုဂ္ဂိုလ်ဟာ လုံ့ လဝီရိယ ကင်းတဲ့အတွက်ကြောင့် သူ့ အတွက် ကုသိုလ် ရလိမ့်မယ် မဟုတ်ဘူး ။ကုသိုလ်လုပ်ငန်းမှာ အမြဲတမ်း ငါ့အပေါ် တာဝန်ရှိနေတယ်လို တွက်ထားရမယ် တာဝန်ရှိနေတယ်လို တွက်ထားတဲ့ ပုဂ္ဂိုလ်ဟာ မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ဝီရိယအလိုလို ရလာတယ် ။ဖြစ်ပြီးတဲ့ကုသိုလ်တွေ ခိုင်မြဲအောင်၊ မဖြစ်သေးတဲ့ အကုသိုလ်တွေ တားနိုင်အောင်၊ဖြစ်ပြီးတဲ့ အကုသိုလ်တွေ ပယ်ရှားနိုင်အောင် ကြိုးစားဆိုတဲ့ ခိုင်မြဲတဲ့ လုံ့ လဝီရိယ၊ကုသိုလ်လုပ်ငန်းမှာ ငါ့တာဝန်ချည်းပဲလို တာဝန်ကိုအမြဲတမ်း ခေါင်းမှာတင်ထားတဲ့ စိတ်ဓာတ်၊တာဝန်ကို ချမထားတဲ့ စိတ်ဓာတ်နဲ ပြည့်စုံရမယ်။ရဲရင့်တဲ့ စိတ်ဓာတ်ရှိရမယ် (သီတဂူဆရာတော် အရှင်ဥာဏိဿရ)
အောင်မြင်မှု၏ သော့ချက်
ဝီရိယမရှိရင် ဘာမှ မအောင်မြင်ဘူး ။ဝီရိယ ဆိုတာ ကာယဝီရိယ၊ စိတ္တဝီရိယဆိုပြီး နှစ်မျိုး်ရှိပါတယ်
ကာယဝီရိယဆိုတာက ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်လို လမ်းလျှောက်ပြီး စာကျက် စာအံနေတာဟာ ကာယဝီရိယလို့ ခေါ်တယ် စေတသိကဝီရိယဆိုတာကတော့ ဒီစာမရရင် ဒီအလုပ်မပြီးရင်-မအောင်မြင်ရင်
ဒီနေရာကမထတော့ဘူး ဆိုပြီး စာကျက်နေတာကို စေတသိကဝီရိယလို့ ခေါ်တယ် ဒါကြောင့် နေရာတကာမှာ ဝီရိယရှိကြပါ ။ဒါမှ အောင်မြင်ပါလိမ့်မယ် (မဟာဇောတိကာရာမ ဆရာတော် ဘဒ္ဒန္တစန္ဒသိရီ)
အရှိန်မသေပါစေနှင့်
အကျိုးပေးကြမယ် ကံဟောင်းတွေ ပါလာကြပေမဲ့ ဒီဘဝမှာ လုံ့ လဝီရိယတွေနဲ ပံ့ပိုးကူညီကြရပါသေးတယ်
ဒီဘဝမှာ လုံ့ လဝီရိယတွေနဲ ဆက်ပြီးမပံ့ပိုး မကြိုးစားဘူးဆိုရင်တော့ အရှိန်တွေဟာ တဖြည်းဖြည်းနဲ ကျမှန်းမသိ ကျဆင်သွားတော့တာပါပဲ ။ဒါကြောင့် ဝီရိယကတော့ အမြဲတမ်းရှိနေကြရမှာပါ ဘယ်တော့မှ မလျှော့နဲ ။ဝီရိယကို မလျှော့နဲ   (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
ကြိုက်ရာရွေး
ကြောက်တုံးကို တောင်ပေါ်တင်ချရင် အတော်လေးကြိုးစားရ၏ ။အောက်ချချင်လျှင်တော့ ခဏကလေးဖြင့် အလွယ်တကူ ချနိုင်၏ ။ဂုဏ်လိုလျှင် အတော်ကြိုးစားရ၏ အပြစ်လိုလျှင်တော့ အလွယ်ပင် သင်အခတ်လမ်းကို လိုက်ပါသလား…..။အလွယ်လမ်းကို လိုက်ပါသလား….။ကြိုက်ရာရွေး (သပြေကန်ဆရာတော်)
အထက်တန်းလက်မှတ်
အခုခေတ်မှာ အထက်တန်းရောက်နေသူတွေဟာ အများအားဖြင့် အာသာဆန္ဒ အားလျှော်စွာ ကြိုးစားအားထုပ်လာကြသူတွေသာ ဖြစ်ကြပါတယ် ။သို့ ဖြစ်၍ ခဲခဲယဉ်းယဉ်း ရရှိလာတဲ့ မိမိတို့ ရဲ့ လူ့ ဘဝကို အခုရောနောင်ပါ အထက်တန်းရောက်အောင် ထက်သန်တဲ့အာသာဆန္ဒကို အရင်းခံပြီး
သမ္မာရဒ္ဓဝီရိယဖြင့် ကိုယ်စီကိုယ်င မြင့်တင်နိုင်ကြပါစေ (မြောင်းမြဆရာတော် အရှင်ကုမာရ)
ဆန်ပေးမှ ဆေးရမည်
ကမ္မ..လုပ်အား။ ကမ္မဖလ...လုပ်ခ။တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် လုပ်အားပေးလျှင် လုပ်ခရနိုင်သည် ။လုပ်အားမပေးလျှင် လုပ်ခမရနိုင် ။လုပ်ခကိုလိုချင်လျှင် လုပ်အားပေးရမည်။
ကြီးပွားလို လျှင် လုံ့ လအားဖြင့် ကြီးစားရမည် (ဆရာတော် အရှင်ဃောသိတ)