Sunday, April 29, 2012

ရဟန်းတို့ အလေးအနက်ကျင့်သုံးရမည့် ပဓာနတရား(၆)ပါး

ပရိနိဗ္ဗာန်စံဝင်တော်မူပြီးသော     ဗုဒ္ဓ၏ရုပ်ကလပ်တော်ဓါတ်တော်  စေတီတော်   တို့ အားပူဇော်ခြင်းထက်     ရဟန်းသံဃာတော်များ   အလေးအနက်ကျင့်သုံးရမည့်   ပဓာနအကျင့်တရားတို့ ကို    မိလိန္ဒပညှာတွင်ဖော်ပြပါရှိပေသည် ။
   မြတ်စွာဘုရားမိန့် တော်မူသော စကားနှစ်ခွန်း
နာဂသေန အရှင်မြတ်ဘုရား  အဗျာဝဋာ တုမှေ အာနန္ဒဟောထ၊ တထာဂတဿ သရီရ ပူဇာယ
အာနန္ဒ သင်တို့ သည် ပရိနိဗ္ဗာန်စံပြီးသော ငါဘုရား၏ ကိုယ်တော်ရုပ်ကလပ်တော်တို့ ကို ပူဇော်ခြင်းငှါ
ကြောင်းကြမစိုက်ကြလေနှင့်။ဤသို့ မြတ်စွာဘုရား ကိုယ်တော်တိုင်မိန်တော်မူပါသည်။

တဖန်လည်း    
            ပူဇေထနံ ပူဇနိယဿ ဓာတုံ၊ဧဝံ ကရာသဂ္ဂမိတော ဂမိဿထ။
ပူဇော်အပ်ပူဇော်ထိုက်သော ငါဘုရား၏ ပူဇော်ထိုက်သော ထိုဓာတ်တော်ကို ပူဇော်ကြကုန်လော့ ၊
ဤသို့ ပူဇော်သမှု့ပြုကြကုန်သော သင်တို့ သည် ဤလူ့ ပြည်မှ (စုတေကြသည်ရှိသော်)နတ်ပြည်သို့ လားရောက်ကြလတ္တံ့ ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူအပ်ပါသည် ။
ဤစကားနှစ်ခွန်းတွင် ပထမစကားကိုယူသော် ဒုတိယစကားသည် မှား၏ ။ဒုတိယစကားကိုယူပြန်သော်
ပထမစကားသည် မှားယွင်လေရာ၏ ။      အဘယ်သို့     မှတ်ယူရပါမည်နည်းဟု     မိလိန္ဒမင်းက
 မေးလျှောက်လေသည် ။

Thursday, April 19, 2012

“ဓမ္မချမ်းသာတွေ့အောင်ရှာ"

မြန်မာဗုဒ္ဓဘာသာတိုင်းရင်းသားအားလုံးနီးပါး၏ ကလေးများသိတတ်စအရွယ်မှစ၍ ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်းသိအောင်အစဦး ဆုံးသင်ကြားလေ့ကျင့် ပေးကြပါသည်။ အိမ် သို့ဆွမ်းခံကြွသည့် ရဟန်းသံဃာ ကိုဖြစ်စေ၊ အဘိုးအဘွား သက်ကြီးများကိုဖြစ်စေ “ဦးတော်” “ဦးတော်” ဟုဆိုခိုင်းကာဦး တင်ရှိခိုးရိုသေသမှုပြု စေကြပါသည်။ တဖြည်းဖြည်း အရွယ်လေးကြီးလာသောအခါ “ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊ သံဃံ သရဏံဂစ္ဆာ မိ” ဆိုတတ်အောင်သားသမီးလေးတွေ ကိုနှုတ်တိုက်သင်ပေးကြသည်။ ထိုသို့နှင့်မွေးဖွားကြီးပြင်းကာအိုမင်းရင့် ရော်သေဆုံး သွားကြလေသည်။ သေဆုံး သည်ဆိုလျှင် သရဏဂုံတင်ရမည့်ကိစ္စကိုနောက်ဆုံး အရေးတကြီးကိစ္စအဖြစ်ဖုတ်ပူမီးတိုက်ဆောင်ရွက်ကြပါတော့သည်။ သရဏဂုံတင် သည်ဆိုသော ကိစ္စသည်မြန်မာဗုဒ္ဓဘာသာအား လုံးအတွက်နောက်ဆုံး ခရီးထွက် တော့မှပျာပျာသလဲဆောင်ရွက်ရသည့်ကိစ္စဖြစ်နေရသည်မှာ အလွန်ဝမ်းနည်းစရာ ကောင်းလှပါသည်။ သရဏဂုံဆိုသည်မှာမြန်မာစကားမဟုတ်ပေ။ (သရဏ+ ဂမန) ဟူသောမဂဓတိုင်းဘာ သာစကားမှဆင်းသက်ပြောင်းလဲလာသည့်စကားဖြစ်ပါ သည်။

Wednesday, April 18, 2012

ကြည်ညိုခြင်းသုံးမျိုး




ကြည်ညိုခြင်းသုံးမျိုးရှိ၏။ မိမိကိုယ်မိမိ ကြည်ညိုခြင်း၊ အတူနေများက မိမိကို ကြည်ညိုခြင်း၊ အဝေးနေပုဂ္ဂိုလ်များက ကြည်ညိုခြင်း တို့ပင်ဖြစ်၏။ ထိုသုံးမျိုးတွင် မိမိကိုယ်မိမိ ကြည်ညိုဖို့သည် နံပါတ် တစ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် “ အရင်းလဲ၊ အဖျားထင်းဖြစ် ” ဟူသောစကားအတိုင်း မိမိကိုယ်မိမိ တ

Friday, April 13, 2012

ရွှေဥမင်ဆရာတော်ဘုရားကြီး၏ သင်္ကြန်တရား


ကူးပြောင်းတာကို ‘သင်္ကြန်’ ခေါ်တာ။
‘သင်္ကန္တ’ ပေါ့။
သင်္ကန္တ သဒ္ဒါကို ဗမာက ‘သင်္ကြန်’လို့ သုံးလိုက်တာ။ အများ နားလည်တာ။
ကလေးတွေကတော့ သင်္ကြန်ဆိုတာ ရေပက်တာလို့ သူတို့ နားလည်တယ်။
သင်္ကြန်အစစ်ကတော့ ကူးပြောင်းတာ။
နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတာ။

Thursday, April 12, 2012

" ဗုဒ္ဓကို ပူဇော် ခြင်း အဆင့်အမျိုးမျိုး "



အဆင့် (၁) ဒါနဖြင့် ပူဇော်ခြင်း -
မိမိထံရောက်ရှိပြီး စည်းစိမ်ဥစ္စာကို ပြန်လည်စွန့်ကြဲခြင်းဖြင့် ဒါနပြုခြင်း၊
(ပ) ပရဟိတစိတ်ဖြင့် သက်ရှိသတ္တ၀ါများကို ကျန်းမာချမ်းသာစေရန် ပေးကမ်းလှူဒါန်းခြင်း၊
(ဒု) ဗုဒ္ဓသာသနာကို အဓွန့်ရှည်တည်တံ့ခိုင်မြဲ ဖွံ့ဖြိုးစေရန် ရည်သန်၍ ဒါနပြုခြင်း၊

Monday, April 9, 2012

ဒေါ်အောင်ဆန်းစုကြည်၏ မြင့်မြတ်သော အတွေးအမြင်

အရှေ့တိုင်း ဒီမိုကရေစီ … ရာမယဏ
ဒေါ်အောင်ဆန်းစုကြည်
ဧပြီ ၇၊ ၂၀၁၂
     အရှေ့တိုင်းယဉ်ကျေးမှုနဲ့ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးတို့၊ အရှေ့တိုင်း ယဉ်ကျေးမှုအရ ပြည်သူလူထုဟာ မိမိကိုယ်မိမိ အုပ်ချုပ်နိုင်တဲ့ အရည်အချင်းမရှိဘူးတို့ ဒီလိုပြောတာတွေ ရှိခဲ့ပါတယ်။ အရင်အပတ်ကဆိုရင် အိန္ဒိယနိုင်ငံက ဇာတ်ကြီး နှစ်ခုဖြစ်တဲ့ မဟာဘာရတ နဲ့ ရာမယဏ ကို အခြေခံပြီးတော့ အရှေ့တိုင်းယဉ်ကျေးမှုဟာ လူထုရဲ့အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ၊ လူထုရဲ့အင်အားတွေကိုဘယ်လောက်အလေးထားတယ်ဆိုတာကိုဖော်ပြသွားချင်ပါတယ်လို့ကျမပြောခဲ့ပါတယ်။
            ဒီအပတ်မှာတော့ ရာမယဏ ဇာတ်တော်ကြီးအကြောင်း ကျမပြောပြပါမယ်။ ရာမဇာတ် ဆိုတာဟာ သူတို့အိန္ဒိယမှာ ရာမယဏလို့ ခေါ်ပါတ

Tuesday, April 3, 2012

ကြည့်သောသူမြင်၏

အမှန်တော့ အနိုင်အရှုံးဆိုတာ ကာယကံရှင်များနဲ့သာ အဓိက ကျပါတယ်။နံဘေးနားကရပ်ကြည့်နေသူ နဲ့