Sunday, May 29, 2011

ဗုဒ္ဓဘာသာဝင်ကောင်း

ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ဘဝများစွာကိုအခြေခံမှစရသည်။ထိုအတူသာလျှင်မြတ်ဗုဒ္ဓသာသာနာတော်
ဗုဒ္ဓုဘာသာဝင်သူတော်စဉ်တို့ ၏ဘာသာရေးအခြေခံတရားကိုလည်းအခြေခံအောက်ခြေမှစရသည်။ထိုအခြေ
ခံပေါင်းများစွာမှဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်ဖို့ ရန်စာဖတ်သူများ သိစေလိုသောစေတနာဆန္ဒဖြင့်
ဘုရားရှင်အပေါ်ပြုလုပ်ဆောက်ရွက်အပ်သော်.....ကုသိုလ်ပြုစရာ...မှတ်သားစရာများ၏အခြေခံများဖြစ်ပါသည်။
(၁) ရေချမ်းကပ်လှူခြင်း။
သတ္တ၀ါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော်ထင်ရှား ရှိသည့်
အလားစိတ်တွင်မှတ်ယူကာ လိုသလိုအသုံးပြုနိုင်ရန် ရည်စူး၍ ကပ်လှူခြင်း။
အကျိုးကိုလို၍ ကပ်လှူပူဇော်ခြင်း မဟုတ်သော်လည်း အကျိုးကျေးဇူးတို့အား
သိရှိစေရန် ဖော်ပြအပ်ပါသည်။ ရေအကျိုး(၁၀)ပါးကို စာဖတ်သူများ သိရှိပြီး
ဖြစ်ပါသည်။ ယင်းတို့မှာ
(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။
(၂) ဆွမ်းကပ်လှူခြင်း။
ရေချမ်းကပ်လှူသကဲ့သို့ မိမိစိတ်တွင်နှလုံးသွင်း၍ ကပ်လှူပါ။ ဆွမ်း၊
သစ်သီးတို့အား နေလွဲညစာ မကပ်မိစေရန် အထူးသတိထားစေလိုပါသည်။ နေလွဲညစာဆိုရာ၌
ရှစ်ပါးသီလတွင်ပါရှိသော ၀ိကာလဘောဇနာ ဆိုသော သီလကိုမမေ့သင့်အပ်ပေ။
အထူးသတိထားရှောင်ကျဉ်ပါလေ။ သို့ရာတွင် တင် ပြစရာလေးတော့ ရှိနေခဲ့ပါသည်။
ကျွန်တော်မြန်မာလူမျိုးများ အနေဖြင့် သာမာန် ဧည့်သည် လာရောက်ရင်တောင်
သစ်သီး၊ မုန့်စသည်တို့ကို စားသုံးရန် အဆင် သင့်ပြုလုပ်ပြီးမှဧည့်ခံလေ့ရှိပါတယ်
။ ဒါတောင်ဂုဏ်သရေရှိလူကြီး မဟုတ်သေး ပါဘူး။ ယခုမှာ သတ္တ၀ါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော် ထင်ရှား ရှိသည်ဟုကပ်လှူတာ မဟုတ်ပါလား။ ဤသည်ကို သစ်သီးဆို အလုံး လိုက်ကြီး၊ မုန့်ဆိုလျှင်
အိတ်ကမခွာထား။ ညနေအထိထားလို့ထား။ တစ်ချို့ သစ်သီးကိုအုန်းပြီး
မှည့်မှစွန့်ကြတယ်။ စက္ခုအမြင် မတင့်တယ်စရာပါ။ စာဖတ် သူများ မသိရှိသေးက
ပြင်ဆင်နိုင်ရန် တင်ပြအပ်ပါသည်။ အမှားကိုသိလို့ အမှန် ကိုပြင်တာလူတော်ပေါ့။
ဆွမ်းလှူသဖြင့် ရရှိနိုင်သော အကျိုးတရား (၅)မျိုး ကိုလည်း အင်္ဂုတ္တိုရ်
ပါဋ္ဌိတော် ဘောဇနသုန်တွင် ပြဆိုထားပါသည်။ ၄င်းတို့မှာ (၁) အသက်ရှည်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ကိုယ်စိတ်ချမ်းသာခြင်း၊
(၄) ခွန်အားဗလ ကြီးမားခြင်း၊
(၅) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။
(၃) ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာလုပ်လုပ် သရဏဂုံရွတ်ဆိုဆောက်တည်ခြင်း။
အရဟံဂုဏ်တော် ရွတ်ဆိုပွားများခြင်း။

အသင့်အတင့်အမှန်အတိုင်း နှလုံးသွင်း၍(ယောနိသော မနသိကာရ)၊ လူတိုင်းကို
ပီယစက္ခု ချစ်ခင်သောအမြင်ဖြင့်ကြည့်ကာ မိမိ၏နှလုံးအိမ်ထဲတွင် ဘုရား၊ တရား၊
သံဃာ တို့၏ဂုဏ်တော်များကို မြင်ရောင်၍ ဘုရား၊ တရား၊ သံဃာမှတပါး
ကိုးကွယ်ရာမရှိပါဟု မှတ်ယူကာ သရဏဂုံကို ရွတ်ဖတ်ပွားများခြင်း။
အရဟံ= (က) ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊
(ခ) စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသော မြတ်စွာဘုရား၊
(ဂ ) ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။ ဟူ၍ အရဟံဂုဏ်တော်ကို
တစ်ဆင့်ထက်တစ်ဆင့်မြင့်၍ ပွားများခြင်း။
ဘုရား တရား သံဃာ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ခြင်းသည် သရဏဂုံတည်ခြင်း ဖြစ်ပါသည် ။

သရဏဂုံတည်ခြင်း အကျိုး (၅) မျိုးရှိပါတယ်


(၁) ဘယ - ဘေးရန်ကင်းရှင်း စေပါသည် ။


(၂) သန္တာသ - ကြောက်ရွံမှု ပူလောင်မှု မှန်သမျှကို ပျောက်ကင်းစေပါသည် ။


(၃) ဒုက္ခ - ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းကိုလည်း ပျောက်ကင်းစေပါသည် ။


(၄) ဒုဂတိ - အပါယ်လေးဘုံ ကျရောက်မည့် ဘေးကိုလည်း ပယ်ပျောက်စေပါသည် ။


(၅) ပရိကိလေသ - မိမိစိတ်၏ ညစ်နွမ်းမှု မှန်သမျှတွေကိုလည်း ပယ်ပျောက်စေပါသည် ။


သရဏဂုံ ဆောက်တည်ရခြင်းအကြောင်း ကတော့ လေးမျိုးရှိပါတယ်


(၁) မိမိကိုယ်တိုင် ယုံကြည်မှု မရှိပဲ အမျိုး အမှတ်ဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။


(၂) ဘေးအန္တရာယ်ကို ကြောက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။


(၃) လာဘ် လာဘ ကိုမျှော်ကိုးပြီး ကိုးကွယ်ခြင်းဟာလည်း သရဏဂုံမမြောက်ပါ ။


(၄) မြတ်သောအလှူကိုခံတော်မူထိုက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမြောက်ပါတယ် ။

ဤကဲ့သို့ သရဏဂုဏ်ဆောက်တည်ခြင်းသည်
ကျောင်းဆောက်လှူဒါန်း၍ ကျောင်းဒကာ ဖြစ်သည်ထက်မြတ်၏။ ဤသို့ပွါးများရာတွင်
ကမ္မဋ္ဌာန်း(၄၀)မှ အနုဿတိ(၁၀)ပါးတွင် ပါဝင်သော ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းရှုရာလည်း
ရောက်ပါတယ်။
(၄) ညအိပ်ယာဝင်တိုင်း ငါးပါးသီလ၊ ရှစ်ပါးသီလ စသဖြင့် ခံယူ၍ ဘုရားဝတ်ပြု၊
မေတ္တာပွားပြီးမှ အိပ်စက်ခြင်း။
သာမာန်ဘုရားဝတ်ပြုပြီးမှ အိပ်စက်တာထက်စာရင် သီလစောက်တည် မေတ္တာ ပို့ပြီးမှ
အိက်စက်ရင်ပိုပြီး သီလစင်ကြယ်ပါတယ်။ မေတ္တာအကျိုး(၁၁)မျိုး ကို
လည်းရရှိစေပါတယ်။
(၁) ချမ်းသာစွာ အိပ်ရခြင်း။
(၂) ချမ်းသာစွာနိုးရခြင်း။
(၃) အိပ်မက်ဆိုးတို့ကို မမြင်မက်ခြင်း။
(၄) နတ်အပေါင်းက စောင့်ရှောက်ခြင်း။
(၅) လူအများချစ်ခင်ခြင်း။
(၆) မီးဘေးမသင့်နိုင်ခြင်း။
(၇) အဆိပ်၊လက်နက် မသင့်နိုင်ခြင်း။
(၈) စိတ်တည်ကြည်ခြင်း။
(၉) မျက်နှာကြည်လင်ခြင်း။
(၁၀) တွေဝေစွာမသေရခြင်း။
(၁၁) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟုပြဆိုထားပါတယ်။
ဤအချက်တို့သည် ဗုဒ္ဓဘာသာလူမျိုးများ အနေဖြင့် ငယ်စဉ် ကလေးဘ၀က
သိရှိပြီးသားဖြစ်ပါသည်။ သို့သော်ဤအချက်တို့ကို စာဖတ်သူများ ငယ်စဉ်မှစ၍
ယခုအချိန်ထိ ဘယ်နှစ်ကြိမ်လုပ်ဖူးပြီလဲဆိုသော အတွေး လေးတော့
ဝင်စေချင်မိပါသည်။ နွားတစ်ကောင်အသက်ကြီးလာလေ သူရဲ့ဦး ချိုရှည်လာလေ၊
လူတစ်ယောက်အသက်ကြီးလေ သူရဲ့တဏှာကြီးလေပါ။အသားတိုးသလောက် တဏှာတိုးသလောက၊်
တရားအသိမတိုးရင် လူကြီး လာသော်လည်း ကလေးတွေးသာသာရယ်ပါ။ သတိအကြောင်း၊ ၀ိပဿနာ
အကြောင်းတွေ ဖောင်ဖောင်ကြီးပြောနေပေမဲ့ စိတ်နေစိတ်ထားရော ကိုယ်ကျင့်
တရားနဲ့ကိုယ်နှုတ်အမူအရာရော ပြောင်းလဲတိုးတက်လာမှုမရှိဘူးဆို
ရင် အဲဒီ လူဟာ
ချူန်းပြီးမရွာတဲ့မိုးနဲ့တူတူပါ
ပဲ။ အဲဒီတော့ ဗုဒ္ဓဘုရား၏တရားတော်အတိုင်း
နေ့စဉ်ပြုအပ်သော၊ နေစဉ်ပြုအပ် သော၊ စောင့်ထိန်းအပ်သော၊ ရှောင်ကျဉ်အပ်သော
တရားတော်တို့ကို အချိန်နှင့် အမျှ ကျင့်သုံးကြပါစို့။ ပုထုဇဉ်
တို့၏သဒ္ဓါတရားသည် ထာဝရ မခိုင်မြဲနိုင်လို့ ဆိုထားပေရာ
ဗုဒ္ဓဘာသာဝင်သူတော်စဉ်အပေါင်း ဤကဲ့သို့ ကပ်လှူခြင်း၊ ပွားများခြင်းအားဖြင့်
သဒ္ဓါတရားရင့်သန်၍ ၀ိပဿနာတရားတော်ကို ကျင့်ကြံကြိုး ကုတ် အားထုတ်၍
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သော သူတော်ကောင်း၊ သူတော်မြတ်များ
ဖြစ်ကြပါစေ။

Thursday, May 26, 2011

ခန္ဓာငါးဖြာ ဘာဝနာ

ဗုဒ္ဓရှင်တောာ်မြတ်သည် မဟာသတိပဌာန်ဓမ္မဒေသနာတော်မှာ ခန္ဓာငါးပါးကို အရှုခံထားကာ ရှုမှတ်ပွားများ
ကြစေရန် ဟောကြားတော်မူခဲ့ပေသည်။
ခန္ဓပဗ္ဗ ခန္ဓာငါးပါး ရှု ကွတ်အပိုင်းခြားဟူ သီခြားလည်းပြဆိုတော်မူခဲ့ပေသည်။ ရဟန်းတို့ တစ်ဖန်လည်း တစ်ပါးသောရှူပွားပုံမှာ ရဟန်းသည် ငါးပါးသောဥပါဒါနက္ခန္ဓာမည်ကုန်သောသဘောတရားတို့ ကို(ပုဂ္ဂိုလ် သတ္တဝါ ကောင်သူငါ ကျား/မ မဟုတ်)သဘောတရားမျှဟု အကြိမ်ကြိမ် ရှူမှတ်ပွားများလျှက်နေ၏။ ရဟန်းတို့အဘယ်သိုလျှင် ရဟန်းသည် ဥပါဒါနက္ခန္ဓာမည်ကုန်သော သဘောတရားတို့ကိုအကြိမ်ကြိမ်ရှူတ်မှတ်လေ့ရှိသည်ဖြစ်ကာ နေသနည်း။  ရဟန်းတို့  ဤသာသနာတော်တွင်ဤတရားကရုပ်တရားတည်း။ဤတရားကားရုပ်တရား၏ဖြစ်ကြောင်းတည်း။ ဤကားရုပ်တရား၏ ချုပ်ကြောင်းတည်း။ဤကားဝေဒနာတရားတည်း။ ဤကားဝေဒနာတရား၏ ဖြစ်ကြောင်းတည်း။ ဤကားဝေဒနာတရား၏ ချုပ်ရာတည်း။ ဤကားသညာတရားတည်း ဤသညာတရား၏ ဖြစ်ကြောင်းတည်း။ ဤကားသညာတရား၏ ချုပ်ရာတည်း။ ဤကားသင်္ခါရတရားတည်း။ ဤကားသင်္ခါရတရား၏ ဖြစ်ကြောင်းတရားတည်း။ဤသည်တို့ ကားသင်္ခါရ တရားတို့ ချုပ်ရာတည်း။ ဤကားဝိညာဏ်တရားတည်း။ဤကားဝိညဏ်တရား၏ဖြစ်ကြောင်းတည်း ဤသည်တို့ ကားဝိညာဏ်တရားတို့ ၏ချုပ်ရာတည်း။ ဤသိုပြအပ်ပြီးပြီးသောနည်း ဖြင့် မိမိ၏ဥပါဒါနက္ခန္ဓာ သဘောတရားတို ကိုမူလည်း (ပုဂ္ဂိုလ်သတ္တဝါ ကောင် သူ/ငါကျား/မ မဟုတ်)ဟု သဘေားတရားမျှဟု အကြိမ်ကြိမ် ရှူလေ့ရှိသညရှူမြင်လျှက်နေ၏။ သူတစ်ပါး၏ ဥပါဒါနက္ခန္ဓာ သဘောပေါ်မှာလည်း (ပုဂ္ဂိုလ်သတ္တဝါ ကောင် သူ/ငါကျား/မ မဟုတ်)ဟု သဘေားတရားမျှဟု အကြိမ်ကြိမ် ရှူလေ့ရှိသည် ရှူမြင်လျှက်နေ၏။ မိမိ သူတစ်ပါး ဥပါဒါနက္ခန္ဓာသဘောတရားအပေါ်မှာလည်း (ပုဂ္ဂိုလ်သတ္တဝါ ကောင် သူ/ငါကျား/မ မဟုတ်)ဟု သဘေားတရားမျှဟု အကြိမ်ကြိမ် ရှူလေ့ရှိသည် ရှူမြင်လျှက်ရှိ၏။ ထိုပြင်ဥပါဒါနက္ခန္ဓာ တရားတို့သည်သာလျှင်ရှိကုန်၏ ဟုထိုရဟန်းအား အမှတ်သတိသည် ရှေ့ရှူထင်၏၊ထိုအမှတ်သတိသည် ဝိပဿနာ ဘာဝနာ အသိညဏ် တိုးပွားခြင်းငှါသာ ဖြစ်၏။ အဆင့် ဆင့်အားဖြင့် အမှတ်သတိ တဖန်းတိုးပွားခြင်းငှါသာဖြစ်၏။ ထိုရဟန်းသည်(တဏှာ ၊ဒိဌိတို့ဖြင့်) မမှီတွယ်မူဘဲနေသည်မည်၏။
ဤသို့ ခန္ဓာငါးပါး ဓမ္မာနုပဿနာရှူကွတ် ရှူချတ်နှင်ပါတ်သတ်ချတ်ကို တရားကို ဗုဒ္ဓရှင်တော်မိန်တော်မူသည်အတိုင်း ယောဂီများရှူကြပါ။
ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညဏ် ဟူသောခန္ဓာ ငါးငါးဓါတ်သွားပရမတ်သွားတို့ သည် ပုဂ္ဂိုလ် သတ္တဝါ သူငါ
က်ျား၊မ မဟုတ်သည်မှာထင်းရှားပေ၏။ငါ ငါ့ဥစ္စာဟူ တဏှာ ဒိဌိတြို့ဖင့်စွဲယူစရာ မရှိသည်မှာလည်းပေါ်လွင်၏ အစွဲအယူ အထင်အမြင်မှားကွယ်ပျောက်အောင်ဓါတ်ရင်း ပရမတ်ရင်း၏ သဘောသဘာဝတ္ထ လက္ခဏာညဏ် အမြင်ဖောက်ထွင်းရာ၏။
*ရုပ္ပနလက္ခဏံ ရူပံ၊……ရုပ်ဓါတ်တရားသည် ဖောက်ပြန်ခြင်း သဘောလက္ခဏာရှိ၏။
*ဝေဒယိတ လက္ခဏာ ဝေဒနာ၊…..ဝေဒနာ နာမ်ဓါတ်တရားသည် ခံစားခြင်း လက္ခဏာရှိ၏။
*သဉ္စာနန လက္ခဏာ သညာ၊….သညာ နာမ်ဓါတ် တရားသည် မှတ်သားခြင်းသဘောလက္ခဏာရှိ၏။
*အာယူဟနလက္ခဏာသင်္ခါရာ၊…သင်္ခါရ နာမ်ဓါတ်တရားသည် အားထုတ်ခြင်း သဘောလက္ခဏာရှိ၏။
*ဝိဇာနနလက္ခဏံ ဝိညာဏံ၊ဝိညာဏ်နာမ်ဓါတ်တရားသည် သိခြင်းသဘောလက္ခဏာရှိ၏။ ဤသို ခန္ဓာငါးပါးရုပ်နာမ် နှစ်ပါး၏ သဘာဝတ္ထတို့ ကို ပဋိသမ္ဘဒါမဂ်ပါဠိတော်မြတ်၌ အတိအလင်းကွတ်ကွတ်ကွင်းကွင်းရှင်းပြတော်မူထား၏။
ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မြတ်၌ ကား ခန္ဓာငါးပါးဓါတ် ပရမတ်အသွားတို့ ကိုဥပမာဆောင်စွဲထင်အောင် ဖော်ပြထားတော်မူ၏။
                           ခန္ဓာငါးပါးဥပမာ *ဖေဏ ပိဏ္ဍုပမံ ရူပံ၊….ရူပံ၊ဖောက်ပြန်တက်ငြား ရုပ်ဓါတ်နှစ်ဆယ့်ရှစ်ပါးသည်၊
ဖေဏပိဏ္ဍုပမံ၊….အနှစ်သာရ ရှာမရသည့် ဖြစ်ကပျတ်မြဲရေမြှုတ်ခဲကြိးနှင့် တူပါပေ၏။
*ဝေဒနာ ပုပ္ဖဠုပမံ၊….ဝေဒနာ ခံစားတက်ငြား ဝေဒနာတရားသည် ပုပ္ဖူဠုပမံ၊..အခိုင်အမာ မရောမယှတ် ရေပွတ်နှင့်ဥပမာတူလှပါပေ၏။
*မရိစိကူပမာ သညာ၊…သညာ--စိတ်မှာမှတ်သား သညာတရားသည်၊ပရိစိကူပမာ--အခိုင်အမာမစပ် တံလျှပ်နှင့်ဥပမာတူလှပါပေ၏။
*သင်္ခါရာ ကဒလူပမာ၊သင်္ခါရာ--ဖဿ ဝေဒနာ ပညာစသား သင်္ခါရတရားသည်၊ကဒလူပမာအနှစ်မပါ ငှက်ပျောတုံးကြီးနှင့် ဥပမာတူလှပါပေ၏။
*မာယူပမဉ္စ ဝိညာဏံ၊ဝိညာဏံ--ဝိညာဏ်ခေါ်ငြား နာမ်တရားသည်၊မာယူပမဉ္စ--လှည့်ပါတ်ငြား မျတ်လှည့်သမားနှင် ဥပမာတူလှပါပေ၏။
*ဒေသိတာ ဒိစ္စဗန္ဓုနာ၊ အာဒိစ္စဗန္ဓုနာ--နေမင်းအနွယ်ဖွား ရှင်တော်မြတ်ဘုရားသည်၊ဒေသိတာ--ဥပမာဆောင်ထင်အောင်ဟောတော်မူခဲ့ပါပေသတည်း။

Tuesday, May 24, 2011

သူတော်ကောင်းလမ်းစဉ်

၁။သူတော်ကောင်းတို့ကို တွေ့မြင်ရခြင်းသည်ကောင်း၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရခြင်းသည် အခါခပ်သိမ်း ချမ်းသာ၏၊ လူမိုက်တို့ကို မတွေ့မမြင်ရခြင်းသည် အမြဲပင် ချမ်းသာ၏။
၂။ သူမိုက်နှင့်ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလကြာမြင့်စွာ စိုးရိမ်ရ၏၊ လူမိုက်တို့နှင့် အတူနေရခြင်းသည် ရန်သူနှင့် အတူနေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲရ၏၊ ပညာရှိနှင့် အတူတကွနေရခြင်းသည် ဆွေမျိုးတို့နှင့် အတူတကွ နေထိုင်ရသကဲ့သို့ ချမ်းသာ၏။
၃။ ထို့ကြောင့်သာလျှင် တည်ကြည်လည်းတည်ကြည်သော ပညာလည်းရှိသော အကြားအမြင်လည်းများသော မဂ်ဖိုလ်ဟူသောဝန်ကိုလည်း ဆောင်လေ့ရှိသော သီလ ဓုတင် ဖြူစင်သော အကျင့်လည်းရှိသော မြတ်သော ထိုသို့ သဘောရှိသော ပညာရှိသူတော်ကောင်းကို လမင်းသည် နက္ခတ်တို့သွားရာလမ်းခရီးကို ချဉ်းကပ်သကဲ့သို့ မှီဝဲဆည်းကပ်ရာ၏...ဟုမြတ်စွာဘုရားဓမ္မပဒသုခဝဂ်မှာဟောကြားထားခဲ့ပေသည်။
မြတ်စွာဘုရားဟောကြားခဲ့သည်က.
 ဗုဒ္ဓဘာသာတွေရဲ့ အဓိက ရည်မှန်းချက်ပန်းတိုင်ကတော့ မဂ် ဖိုလ် နိဗ္ဗာန် ရောက်ရေးပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုသိုလ်လုပ်တိုင်းလဲ မဂ် ဖိုလ် နိဗ္ဗာန် ရ ရ ပါလို၏ လို့မပါမဖြစ် ဆုတောင်းကြတာပါပဲ။ အဲဒီလို တောင်းပင်တောင်းငြားသော်လည်း မဂ်ကဘာလဲ ဖိုလ်က ဘာလဲ နိဗ္ဗာန်က ဘယ်လိုလဲ ဆိုတာ စာပေတွေ မလိုက်စားရင် တရားသဘင်တွေကို စိတ်မ၀င်စားရင်၊ နောက် ဆရာသမားကောင်းတွေကို မမှီဝဲရင် ဘယ်လိုမှ မှန်းဆလို့လဲမရ ကိုယ့်ဥာဏ်ထဲမှာလဲ မရှင်းကြပါဘူး။ မဂ်က တစ်ခုလား နိဗ္ဗာန်က တခုလား စသဖြင့် ဘယ်လိုမှကိုယ့်အတွေးထဲမပေါ်နိုင်ပါဘူး။ တွေးကြရင်တော်ရဲ့။ သိချင်စိတ်နဲ့ လိုက်လေ့လာကြဦးမှာ။ များသောအားဖြင့်ကတော့ ဘုရားကန်တော့ချိုးထဲပါနေလို့သာ ရွတ်လိုက်တာ သိချင်စိတ်လဲမပေါ်၊ သိအောင်ကျိုးစားရမှန်းလဲမသိ၊ ကျိုးစားရမှန်းမသိတော့လဲ သိအောင်လဲ မကျိုးစားဖြစ်၊ သိအောင်မကျိုးစားတော့လဲ မသိ၊ မသိတော့လဲ မလွတ်မြောက်တော့၊ .. … . .. .. .. .. ကျွန်တော်ကိုယ့်ဘာသာကိုယ် သတိထားမိသလောက်တော့  ဘုရားကျောင်းကန်နားနေတုန်းက ဘုရားအကြောင်း တရာအကြောင်း ပြောသူ နားထောင်သူ သိပ်ပေါတော့ ဘုရာတရားအကြောင်းသိတဲ့သူတွေ တော်တော်များပါသေးလားလို့ တွေးမိတယ်.. အခုဆို ဘုရားကျောင်းကန်နဲ့       ဝေးတဲ့တရားသံနဲ့ဝေးတဲ့ လူတောထဲရောက်လာတော့.. တွေ့ကြုံရတဲ့သူတွေက ကန်တော့ချိုးထဲပါလို့ ရွတ်လိုက်တာပဲ ဘာကိုဆိုလိုသလဲမသိ.. သိအောင်လုပ်ဖို့လဲ သတိမရ.. မဂ်ခန်းဖိုလ်ခန်းရောက်ဖို့ဆို ဝေးစွ…မဂ်၊ဖိုလ်၊နိဗ္ဗာန်ကိုဘယ်လိုယူဆသလဲဆိုတာမှန်းဆ၍ပင်မရတော့… တရားလုပ်တယ်ဆိုတာ ကောင်းတယ်တော့သိတယ်.. ဘယ်လိုကောင်းသလဲလို့ မေးလိုက်ရင်မဖြေတတ်ကြတော့။ ကောင်းတာပဲသိတယ်ဘယ်လိုကောင်းမှန်းတော့မသိ… ပြောသံကြားနဲ့ ကောင်းလိုက်ကြတာချည်းပဲ… မဂ်၊ဖိုလ်အကြောင်း           ၀ိပဿနာ အကြောင်းပြောရင်ကိုပဲစကားကြီးစကားကျယ်တွေ ပြောနေတယ်လို့တောင် ပြောတတ်ကြသေးတယ်… ဘယ်လိုလွတ်မြောက်ကြတော့မှာလဲ….
အဲဒီလိုဖြစ်ရခြင်းကတော့ ဆရာသမားကောင်းတွေကို မဆည်းကပ်ခြင်း၊ သူတော်ကောင်းတရား မနာကြားရခြင်း တို့ကြောင့်ပါပဲ.. သူတော်ကောင်းတွေနဲ့ပေါင်းမှ သူတော်ကောင်းတရားနာကြားခွင့်ရပြီးသူတော်ကောင်းအလုပ် လုပ်လုပ်နိုင်မယ်..သူတော်ကောင်းအလုပ် လုပ်မှလဲ သူတောင်ကောင်းအဖြစ်သို့ရောက်နိုင်မယ်… အဲဒီလို ကိုယ် ကိုယ်တိုင်သူတော်ကောင်းဖြစ်ဖို့အရင်သူတော်ကောင်းကိုပေါင်းသင်းဖို့ကနံပါတတစ်ဖြစ်လာတယ်…ဒါပေမယ့် ဘယ်လို ဆရာကောင်းသမားကောင်းရှာကြမလဲ ဆိုတာကလဲ အဓိကပြဿနာဖြစ်လာပြန်တာပဲ… ဆရာသမားကောင်းမရပြန်ရင်လည်း ရည်မှန်းထားသလောက် ခရီးမပေါက်ပဲ အချိန်ကုန်ဖို့ပဲရှိပါတယ်..ဘာကြောင့်လဲဆိုတော့ ဥပမာ. နေရာဒေသတစ်ခုကို ကိုယ်ကသွားချင်တယ်.. လမ်းညွှန်မယ့်သူကိုသွားရှာတော့.. လမ်းညွှန်သူက ကောင်းကောင်းမညွှန်တတ်ရင် သွားရတဲ့ကိုယ်ကလဲဖြောင့်ဖြောင့် တန်းတန်းနဲ့ တစိုက်မတ်မတ်နဲ့မသွားနိုင်ပဲ.သူပြောတာဟုတ်မှဟုတ်ပမလား..ဆိုပြီးလမ်းမှာ ကောက်ချင်းတိုင်းကောက် ကွေ့ချင်တိုင်း ကွေ့နေမှာ.. အဲဒီတော့ ကိုယ်ရောက်ချင်တဲ့နေရာကို မြန်မြန်နဲ့ရောက်ချင်ရင် လမ်းကောင်းကောင်းညွှန်တဲ့သူလိုနေပြီဆိုတာနည်းနည်းပေါ်လာပြီ။လမ်းညွှန်တတ်တယ်မညွှန်တတ်ဘူးဆိုတာကတော့ညွန်တဲ့သူအပေါ်မှာမူတည်တယ်.. သူက ကိုယ်သွားချင်တဲ့နေရာကိုတော့ရောက်ဖူးတယ် ဆိုရင် သူလျှောက်ခဲ့တဲ့လမ်းအတိုင်းတော့ပြောပြမှာပဲ..ရောက်တော့ရောက်ဖူးတယ် လမ်းတော့မညွှန်တတ်ဘူးဆိုတာလဲဖြစ်နိုင်တာပဲ… အဲဒီတော့ ရောက်ဖူးတဲ့သူလည်းဖြစ်မယ်၊ လမ်းလည်းညွှန်တတ်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့.. အဲဒါဆိုရင် ကိုယ်ရောက်ချင်တဲ့နေရာ ဆိုတဲ့ နိဗ္ဗာန် ကိုသွားရာလမ်းတော့အရင်သိခွင့်ရမှာပဲ… လမ်းသိမှ လမ်းသွားလို့ရမှာပေါ့.. လမ်းသွားမှလည်း ရောက်တယ်ဆိုတဲ့အဖြစ်ကိုရောက် နိုင်တော့မှာဖြစ်လို့ အရောက်မသွားခင် လမ်းလေးတော့အရင်မေးကြပါဦးလို့ တိုက်တွန်းလိုက်ချင်ပါတယ်….
                                                                            ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ....

Monday, May 23, 2011

နတ်ပြည်မှာ ပြုသောကောင်းမှု့ ရှင်စာရင်း


တာဝတိံသာ နတ်ပြည်သည် ယူဇနာတစ်သောင်းကျယ်ဝန်း၏။
အရှေ့အနောက်တောင်မြောက်တံခါးလေးမုဒ်တို၏ အကွာအဝေးမှာယူဇနာတစ်သောင်းစီကွာဝေး၏။ တံခါးပေါက်ပေါင်းတစ်ထောင်ရှိ၏။
စိန်းလန်းစိုပြေမြရောင်လဲ့သည်နေသည့် နန္ဒဝန်ဥယာဉ် ညစ်ကျေးကင်စင်သည်စိမ်းလဲ့ကြည်လင်းပြီး ကြာမျိုးစုံပွင်ဖူးနေသည် နန္ဒာရေကန် သီးကင်းသီးနု သီးရင်မှည့်ဝင်းသီးမျိုးစုံ ခင်ကျင်းထားသည်စိတ္တလတာ
ဥယျာဉ် တိုဖြင့်
တင်မောဝေဆာလှ၏။နတ်သတ်ကုန်စုတေတော့မည်နတ်သားနတ်သမီး မောင်မယ်များသည်နန္ဒဝန်ဥယျယဉ်၏ လှပသာယာပျော်မွှေဖွယ်ကောင်းမှု့ကြောင့် မိမိတို့ စုတေရမည်အဖြစ်ကိုမေပျောက်သွားလေရှိပါသည်။တာဝတိံသာနတ်ပြည်မှာ တစ်လတစ်လတွင် ရှစ်ရက်ရှစ်ရက်စီ တရားပွဲ ကျင်းပလေ့နာကြားရှိ၏။ကျင်းပရာဌာနကား သုဓမ္မာနတ်သဘင်၏အတွင်းမှာ ဖြစ်သည်။သုဓမ္မာနတ်သဘင်တွင်အကျယ်ဝန်းမှာတစ်ယူဇနာကျယ်ဝန်း၏ ရတနာမျိုးစုံဖြင် စီခြယ်ထားသောတရားဟောပလ္လင်ရှိ၏။သုံးယူဇနာ
ကျယ်ဝန်းကာဖြူးဖွေးသန့် စင်သော ထီးဖြူကြီးက တရားဟောပလ္လင်ကို ဖြန့်မိုးထား၏။တရားနာလာကြကုန်
သောနတ်သားနတ်မီးတို့ အားမိမိတို့ ၏ စိတ်ကိုဖြူစင်သန့် ရှင်းအောင် သုတ်သင်ရှင်းလင်းကြပါ၊ သူတော်ကောင်းစိတ်ဓါတ်မွေးကြပါဟုသတိပေးနေသကဲ့ သိုရှိနေ၏။
ထိုတရားပွဲ တွင် ဗြဟ္မာ့ပြည်မှ သနင်္ကုမာရဗြဟ္မာမင်းကြီးက လာရောက်တရားဟောကြားလေ့ ရှိ၏။
တစ်ရံတစ်ခါ သိကြားမင်းကိုယ်တိုင်ဟောပြောလေ့ ရှိ၏။ တစ်ရံတစ်ခါမူ တရားဟောကောင်းသော နတ်သားတစ်ဦးက လာရောက်ဟောပြောတက်၏။ လဆန်းရှစ်ရက်လပြည်ကျော်ရှစ်ရက် ဥပုသ်နေ့များတွင်နတ်မင်းကြီးလေးယောက်ကိုယ်တိုင်ဖြစ်စေ သူတို့ ၏သားတော်များကဖြစ်စေ သူတို့  ၏အမတ်များကဖြစ်စေ လူပြည်သို့ ဆင်းသက်ကာကုသိုလ်ကောင်းမှုရှင်စာရင်းအင်းကို ကောက်ယူလေ့ ရှိ၏။
..ဤမည်သော မိန်းမ ယောက်ျားတို့ သည်ဘုရားတရားသံဃာတို့ အားလှူဒါန်းကိုးကွယ်ပူဇော်လေ့ ရှိ၏။
ငါးပါးသီလကိုစောင်ထိန်းလေ့ ရှိ၏ ရှစ်ရက်သီးတင်း မပျတ်မယွင်းရအောင် ဥပုသ်သီလ ဆောက်တည်လေ့ ရှိ၏။ အမိအဖ တို့ အားပြုစုလုပ်ကျွေးလေ့ရှိ၏။ စေတီပုထိုးတို့ကို ဆွမ်းရေချမ်းပန်းဆီမီးတြို့ဖင့် ပူဇော်လေ့ရှိ၏။ပျတ်စီးယိုယွင်းနေသည်တို့ ကိုအသစ်တစ်ဖန်ပြုပြင် မွမ်းမံလေ့ ရှိ၏။သူတော်ကောင်းတရားနာကြားလေ့ ရှိ၏။
ကိုယ်အမူရာနူးညံသိမ့်မွေ့ ခြင်း ကာယသုစရိုက် နှုတ်အမူရာ တော်တည့် ဖြောင့်မှန်ခြင်း ဝစီသုစရိုက် စိတ်အမူအရာ ဖြူဖွေးသန့် စင်ကြယ်ခြင်းမနောသုစရိုက် ဟူသောသုစရိုက်သုံးပါးနှင် ကုသိုလ်ကမ္မပထ တရားဆယ်ပါးတို့ ကိုလိုက်နာကျင့် သုံးလေ့ ရှိ၏။
ဤသို့ စသည်ဖြင့် မိမိတို့ လေ့ လာတွေရှိချက်များကို ကုသိုလ်ကောင်းမှု့ရှင်စာရင်းအင်းကို ပဉ္စသီခနတ်သားထံအပ်နှင်းရ၏။ပဉ္စသီခနတ်သားကတဆင့်မာတလိနတ်သားထံတင်ပြရ၏။မာတလိနတ်သားက စာရင်းအင်းမမှားရလေအောင် လေ့လာကြည်ရှုစစ်ဆေးကာ သိကြားမင်းထံတင်ပြရ၏။
သိကြားမင်းကသုဓမ္မနတ်သဘင်အတွင်း တရားနာအံ့သောငှါ ကြွရောက်လာကြသော နတ်သားနတ်သမီးတို့ အား ဖတ်ပြရ၏။ သိကြားမင်းအသံသည် ပကတိရိုးရိုးအသံဖြင့်ဖတ်ကြားလျှင် တစ်ဆယ့်နှစ်ယူဇနာ ရှိသောအရပ်ကကြားရ၏။ပကတိအသံထက်ခတ်ကျယ်ကျယ်ပြောကြားလျှင်ကား ယူဇနာတစ်သောင်းကျယ်သော တာဝတိံသာနတ်ပြည်တစ်ပြည် လုံးကကြားရ၏။ကုသိုလ်ကောင်းမှု့ ပြုသူတို့ ၏စာရင်းအင်းနည်းပါးသည်ကိုတွေမြင့် ရကြားသိရသည်အခါ….အို…အချင်းတို့ ၊လူပြည်ရှိလူသားအပေါင်းတို့ သည် ပေးကမ်းစွန့် ကြဲမှု..ဒါန။ ကိုယ်ကျင့် တရားကောင်းအောင်စောင်ထိန်းမှု..သီလ။ပွားများမှု ဘာဝနာတရားတို့ ကို မပြုလုပ်ကြဘဲ မေ့ မေ့ လျှောလျှော့နေကြပါကုန်၏။ထို ကြောင့်အပါယ်လေးဘုံသို့ ကျရောက်သည်ပုဂ္ဂိုလ်များပြီး အပါယ်လေးဘုံမှာစည်ကားသိုက်မြိုက်ပါတော့မည်။
နတ်ပြည်ခြောက်ထပ်သို့ ရောက်သည်ပုဂ္ဂိုလ်နည်းပါးပြီးနတ်ပြည်မှာ ခြောက်ကပ်ကပ်နှင့်ဆိပ်သုဉ်းတော့လတ္တံ့ 
ဟုစိတ်နှလုံးမသာမယာဖြစ်ကြကုန်၏။ကောင်းမှုရှင်စာရင်းအင်းရွှေပြားကြီးပြီး ကုသိုလ်ရှင်စာရင်းများသည်ကိုတြွေ့မင်ရသည် အခါ ကြားသိရသည်အခါ…..အိုအချင်းတို လူပြည်ရှိလူသား
အပေါင်းတို့ သည်  အသစ်အသစ်သော ဘုရားတန်ဆောင်းကျောင်းကန် သိမ် ကျောင်းဇရပ်နှင့် တံတားတို့ ကိုတည်ဆောက်ခြင်းအိုးမင်ရင်ရော်ပျတ်စီးပြိုကျနေသောဘုရား ကျောင်းကန်သိမ် ကျောင်းဇရပ်တို့ ကို
အသစ်တစ်ဖန်ပြုပြင်မွမ်းမံခြင်းရေတွင်းရေကန်တူးခြင်းစသည်…ဒါန ဆောက်တည်မှု့ သီလ ပွားများမှု့ဘာဝနာတရားတို့ ကို မမေ့မလျှော့ ဘဲ လိုက်နာကျင့် သုံးပွားများအားထုတ်လေ့ ရှိကြ၏။
ထိုကြောင့် အပါယ်လေးဘုံသို့ ကျရောက်သည်ပုဂ္ဂိုးနည်းပါးပြီးအပါယ်လေးဘုံကျရောက်သည်ပုဂ္ဂိုလ်
ဆိပ်သုံးတော့လတ္တံ့။ နတ်ပြည်ခြောက်ထပ်ရောက်သည်ပုဂ္ဂိုလ်များပြားနေပြီး နတ်ပြည်ခြောက်ထပ်ကားစည်စည်ကားကားသိုက်သိုက်မြိုက်မြဲိုက်သာသာယာယာ ရှိကုန်လတ္တံ့ ။မြတ်စွာဘုရားသာသနာတော်ကားကုသိုလ်ကောင်းမှု့ပြုခြင်းကြောင့် နတ်သားနတ်သမီးတို့ နှင့် အတူတကွ နတ်ပွဲသဘင်ဆင်နွဲ့ ရတော့အံ့ ဟုဝမ်းသာရွှင်ပြုံးပီတိဖုံးလျက် နှလုံးအိမ်အတွင်းအကြည်ဆိုက်နေကြလေ တော့သည်။
သုဓမ္မနတ်သဘင်တွင်နတ်စည်းစိမ်ကိုမြိန်မြိန်ကြီး ခံစားးစံစားနိုင်အောင် ကုသိုလ်တရားများကိုပွားများအားထုပ်နိုင်ကြပါစေကုန်သတည်း။

Saturday, May 21, 2011

သာသနာ အရှည်တည်တံ့ရေး

သာသနာ အရှည်တည်တံ့ရေး သုံးဆယ့်ခုနစ်ပါး၊

ရဟန်းတို့ ငါသည် ထူးသော ဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်သော တရားတော် တို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ်ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့မှီဝဲပွါးများ လေ့ကျင့်သည်ရှိသော် ဤမြတ် သော အကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခန့်လျက် ကြာမြင့်စွာ တည်တံ့ရာ ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်လေ ရာ၏။

ရဟန်းတို့ ငါသည် ထူးသောဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်သော တရားတို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ်ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့ မှီဝဲပွါးများ လေ့ကျင့်သည် ရှိသော် ဤမြတ်သော အကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခံ့လျက် ကြာမြင့်စွာ တည်တံ့ ရာ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့် ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်လေရာ ၏ဟု ဆိုရာ၌ ထူးသောဉာဏ်ဖြင့်သိ၍ ငါဟောအပ်သော ထိုတရားတို့ကား အဘယ် နည်း။

ယင်းတရားတို့ကား ...

၁... သတိပဋ္ဌာန်လေးပါး
(၁) ကာယာနုပဿနာ
ဤသာသနာတော်၌ ရဟန်းသည် ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာအပြားအားဖြင့် သိသောပညာ, အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု 'အဘိဇ္ဈာ'၊ နှလုံးမသာယာမှု 'ဒေါမနဿ'ကို ပယ်ဖျောက်၍ မိမိ၏ ခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ သူတစ်ပါး ခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန်အထပ်ထပ်ရှုလျက် နေ၏။ မိမိခန္ဓာကိုယ်, သူတစ်ပါးခန္ဓာကိုယ်၌ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။
(၂) ဝေဒနာနုပဿနာ
ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာ အပြားအားဖြင့်သိသောပညာ, အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု 'အဘိဇ္ဈာ'၊ နှလုံးမသာယာမှု 'ဒေါမနဿ'ကို ပယ်ဖျောက်၍ မိမိ၏ ခံစားမှု 'ဝေဒနာ'တို့၌ ချမ်းသာစသော ခံစားမှု 'ဝေဒနာ' ကိုအဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ သူတစ်ပါး ခံစားမှု 'ဝေဒနာ'တို့၌ ချမ်းသာစသော ခံစားမှု 'ဝေဒနာ' ကို အဖန်ဖန် အထပ်ထပ် ရှုလျက်နေ၏။ မိမိ, သူတစ်ပါး ခံစားမှု 'ဝေဒနာ'တို့၌ ချမ်းသာစသော ခံစားမှု 'ဝေဒနာ'ကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။
(၃) စိတ္တာနုပဿနာ
ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာ အပြားအားဖြင့် သိသောပညာ, အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု 'အဘိဇ္ဈာ'၊ နှလုံးမသာယာမှု 'ဒေါမနဿ' ကို ပယ်ဖျောက်၍ မိမိ၏ စိတ်၌ (ဖြစ်ပေါ်လာသည့် သရာဂစသော) စိတ်ကိုအဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ သူတစ်ပါးစိတ်၌ (ဖြစ်ပေါ်လာသည့် သရာဂစသော) စိတ်ကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။ မိမိ, သူတစ်ပါးစိတ်၌ (ဖြစ်ပေါ်လာသည့် သရာဂစသော) စိတ်ကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။
(၄) ဓမ္မာနုပဿနာ
ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ, ကောင်းစွာ အပြားအားဖြင့် သိသောပညာ, အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု 'အဘိဇ္ဈာ'၊ နှလုံးမသာယာမှု 'ဒေါမနဿ'ကို ပယ်ဖျောက်၍ မိမိသန္တာန်၌ (ဖြစ်ပေါ်လာသော) တရားတို့၌ (ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒစသော) တရားကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ သူတစ်ပါးသန္တာန်၌ (ဖြစ်ပေါ်လာသော) တရားတို့၌ (ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒစသော) တရားကိုအဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ မိမိသန္တာန်, သူတစ်ပါးသန္တာန်၌ (ဖြစ်ပေါ်လာသော) တရားတို့၌ (ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒ စသော) တရားကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။

၂... သမ္မပ္ပဓာန်လေးပါး
(၁) အကုသိုလ်မဖြစ်ရန် ကြိုးစားမှု
 တရားအားထုတ်ခြင်း 'သမ္မပ္ပဓာန်' လေးပါးတို့ကား- ဤသာသနာတော်၌ ရဟန်းသည်မဖြစ်သေးသော အကုသိုလ်တရားယုတ်တို့ မဖြစ်ပေါ်အောင် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၂) အကုသိုလ်ပယ်ရန် ကြိုးစားမှု
ဖြစ်ပြီးသော (မဖြစ်တော့ဟု မဆိုနိုင်သော) အကုသိုလ်တရားယုတ်တို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၃) ကုသိုလ်ဖြစ်ရန် ကြိုးစားမှု
မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ ဖြစ်ပေါ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၄) ကုသိုလ်တည်တံ့တိုးပွါးရန် ကြိုးစားမှု
ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန် များစွာဖြစ်ပွါးရန် ပြန့်ပြောရန် တိုးပွါးရန်ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။

၃... ဣဒ္ဓိပါဒ်လေးပါး
(၁) ဆန္ဒိုဒ္ဓိပါဒ်
ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်
(၂) ဝီရိယိဒ္ဓိပါဒ်
ဝီရိယကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်
(၃) စိတ္တိဒ္ဓိပါဒ်
စိတ်ကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်
(၄) ဝိမံသိဒ္ဓိပါဒ်
ပညာကြီးမှူးသော သမာဓိ, သမ္မပ္ပဓာန်ကိစ္စတပ်သော ဝီရိယနှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်

၎... ဣနြေ္ဒငါးပါး
၁။စက္ခုနြေ္ဒ   ၂။သောတိနြေ္ဒ   ၃။ဃာနိနြေ္ဒ    ၄။ဇိဝှိနြေ္ဒ     ၅။ကာယိနြေ္ဒ
၅... ဗိုလ်ငါးပါး
၁။သဒ္ဓါဗိုလ်  ၂။သတိဗိုလ်  ၃။သမာဓိဗိုလ်  ၄။ပညာဗိုလ်  ၅။ဝီရိယဗိုလ်
၆... ဗောဇ္ဈင်ခုနစ်ပါး
သစ္စာလေးပါးကိုသိကြောင်း 'ဗောဇ္ဈင်'တရား ခုနစ်ပါးတို့ကား-
(၁) အောက်မေ့မှု သတိသမ္ဗောဇ္ဈင်။
(၂) သဘောတရားတို့ကို စိစစ်မှု ဓမ္မဝိစယသမ္ဗောဇ္ဈင်။
(၃) အားထုတ်မှု ဝီရိယသမ္ဗောဇ္ဈင်။
(၄) နှစ်သက်မှု ပီတိသမ္ဗောဇ္ဈင်။
(၅) ငြိမ်းအေးမှု ပဿဒ္ဓိသမ္ဗောဇ္ဈင်။
(၆) တည်ကြည်မှု သမာဓိသမ္ဗောဇ္ဈင်။
(၇) လျစ်လျူရှုမှု ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။
၇... အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တို့ပေတည်း...။
၁။သမ္မာဒိဌိ  ၂။သမ္မာသင်္ကပ္ပ  ၃။သမ္မာဝါစာ ၄။သမ္မာကမ္မန္တ  ၅။သမ္မာအာဇီဝ  ၆။သမ္မာဝါယာမ   ၇။သမ္မာသတိ    ၈။သမ္မာသမာဓိ
ရဟန်းတို့ ငါသည် သင်တို့အား ထူးသောဉာဏ်ဖြင့် သိ၍ ဟောအပ်သော ဤ တရားတော်တို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ် ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊

ယင်းသို့ မှီဝဲပွါးများ လေ့ကျင့်သည်ရှိသော် ဤမြတ်သောအကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခံ့လျက် ကြာမြင့်စွာ တည်တံ့ရာ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့ ၏ အကျိုးစီးပွားနှင့် ချမ်းသာအလို့ငှါ ဖြစ်လေရာ၏ ဟု (မိန့်တော်မူ၏)။

Thursday, May 19, 2011

စိတ်ကောင်းမွေးပါလေ..

မြတ်စွာဘုရားရှင်က ဓမ္မပဒစိတ္တဝဂ်မှာ ပုထုဇဉ်လူသားများရဲ့  စိတ်ကို ဘယ်ကဲ့ သို့ ထားသင့်တယ် ၊ထားရမယ်ဆိုတာကို ဟောကြားတော်မူခဲ့ပါသည်။
၃၃။ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။

၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။
ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။
ဓမ္မပဒ၊စိတ္တဝဂ်။
၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌)တုန်လှုပ်၍ လျှပ်ပေါ်လော် လည်ခြင်း သဘောရှိသော စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသောစိတ်ကို ဖြောင့်အောင်ပြု၏။
၃၄။ ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍ ကုန်း၌ပစ်ချထားအပ်သောငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကိုပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။ထိုကဲ့သိုဟောကြားထားသည်ကို ပုထုဇဉ်လူသားတို့ ၏စိတ်သည် ဆန်းကြယ်ကြသည်အလျှောက် မည်ကဲ့ သို့ ရေးရမည်ကို စဉ်းစားနေဆဲကာလလေးတစ်ခုမှာ အကြံပေါက်မိတာ.
စိတ်ကောင်းမွေးပါလေ ဆိုတဲ့ခေါင်းစဉ်နဲ့စာရေးမယ်ဆိုတော့ ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြည့်မိပါတယ်။ မင်းကိုယ်တိုင်ရော ကောင်းပြီလားလို့? အော်..ကျနော်လည်း ပုထုဇဉ်ထဲက ပုထုဇဉ် တစ်ယောက်ပဲလေ။ အလုံးစုံတော့မကောင်းနိုင်သေးပါဘူး။ ဒါပေမယ့်လည်း ကောင်းတဲ့စိတ်လေးတွေ အမြဲဖြစ်အောင်တော့ ကိုယ့်ကိုကိုယ် အမြဲဆုံးမနေရပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒလေးကိုလည်း အမြဲနှလုံးသွင်းမိပါတယ်။ ဆရာတော်ကြီးကဆုံးမထားပါတယ်.. မိမိကိုယ်ကို အမြဲတမ်းပြုပြင်နေရမယ်။ ဘယ်အချိန်ထိအောင်ပြုပြင်ရမလဲ ဆိုလျှင် သေသည့်အချိန်ထိပြုပြင်ရမယ် တဲ့။ ကောင်းလိုက်တဲ့ ဆုံးမသြ၀ါဒလေးပါ။ တကယ်လည်း အမြဲတမ်းပြုပြင်နေရတာပါ။

ပါပသ္မိံ ရမတိ မနော- သတ္တ၀ါတို့၏ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်တယ် တဲ့။ ဒါကတော့အထွေ အထူးကိုပြောစရာမလိုပါဘူး။ကောင်းတာလုပ်မယ်ဆိုရင် အခြေအနေအချိန်အခါရွေးသလောက် မကောင်းတာလုပ်ဖို့ကတော့.. မလုပ်ရသေးဘူး စိတ်ကအရင်ရောက်နေပြီလေ..။ ဒီအချက်ကို စဉ်းစားကြည့်ရင်ကို ဘုရားရှင်ဟောပြဆုံးမခဲ့တာ လုံးဝကိုမှန်နေတာပါ။ ဟုတ်ပြီ.. ကိုယ်ကမကောင်းတာကို မမွေ့လျော်ချင်ဘူးဆိုရင်တော့ ကောင်းတဲ့စိတ်လေးတွေများများမွေးပြီး စိတ်ထားကောင်းလေးတွေ အမြဲ ထားနေတတ်ဖို့လိုပါမယ်။ ဒါမှာ့လည်း မသွားချင်တဲ့ အပါယ်လေးဘုံကို မသွားရမှာပါ။ ကျနော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အဓိကပန်းတိုင်ဟာ နိဗ္ဗာန်ရောက်ဖို့ပါ။ နိဗ္ဗာန်ရောက်ဖို့ဆိုတာ ခဏထားပြီးတော့ အရင်ဆုံး အပါယ်တံခါးပိတ်ဖို့အရင်ကြိုးစားကြပါစို့လား။ ဘွဲ့ရချင်တဲ့သူဟာ အရင်ဆုံး အထက်တန်း စာမေးပွဲကို အရင်ဆုံးအောင်အောင်ကြိုးစားရသလိုပါပဲ။ နိဗ္ဗာန်ရောက်ဖို့အတွက်ဆိုရင် အပါယ်တံခါးအရင်ပိတ်ဖို့နဲ့ သောတပန် ဖြစ်ဖို့ကိုအရင်ဆုံးကြိုးစားဖို့လိုပါမယ်။ ဒါမှာ့လည်း အထက်တန်းအောင်မြင်တဲ့လူတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ တက္ကသိုလ်ကို တက်ဖို့အဆင့်မှီမှာဖြစ်ပါတယ်။ အထက်တန်းတော့မအောင်သေးဘူး ဘွဲ့ရဖို့ကြိုးစားနေတယ်ဆိုရင်တော့ ခုတ်ရာတခြားထစ်ရာတခြားဖြစ်နေမှာပါ။ ကဲ.. မိတ်ဆွေ.. မဂ်ဥာဏ် ဖိုဥာဏ် ရချင်တယ်ဆိုရင်တော့ စိတ်ထားကောင်းလေးအရင်မွေးဖို့ ကြိုးစားကြရအောင်…။

ဒါဆို စိတ်ကောင်းထားတာဟာ တရားအားထုတ်တာလား? စိတ်ကောင်းထားပြီး စိတ်ထား ကောင်းလေးနဲ့ နေတာကိုက တရားအားထုတ်နေတာပါ။ လူအများစုကမထင်ကြပါဘူး။ တကယ်တမ်းက တရားအလုပ် လုပ်မယ်ဆိုရင် စိတ်ကောင်းအရင်ထားတတ်ဖို့အရေးကြီးပါတယ်။ တရားတွေတော့လုပ်နေပါရဲ့ စိတ်ဆိုး စိတ်ညစ်တွေရှိနေရင် ဘယ်တော့မှာ့တရားရမှာ မဟုတ်ပါဘူး။ ဘယ်လိုစိတ်ကောင်းထားရမလဲ? လူတစ်ယောက်ကိုမြင်လိုက်ရင် အကောင်းဘက်ကမြင်တတ်တယ်.. အကောင်းဘက်က တွေးတတ်တယ်.. အကောင်းဘက်ကနေ စဉ်းစားတတ်တယ်ဆိုရင် ဒါဟာ.. သူ့ရဲ့စိတ်ထဲမှာ စိတ်ကောင်းဓါတ်ကောင်းလေးတွေကိန်းနေတာပါ။ဆရာတော်ရှင်ဇ၀နဟောကြားတဲ့ ဆုံးမစကားလေးတစ်ခုရှိပါတယ်..။ မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင်ပေါင်းနိုင်စရာ ပုဂ္ဂိုလ်ဟူ၍မရှိ.. ကောင်းကွက်ကို သာကြည့်မည်ဆိုလျှင် လည်း မပေါင်းနိုင်စရာ ပုဂ္ဂိုလ်ဟူ၍မရှိ တဲ့။ လူတစ်ယောက်ရဲ့အပြစ်ကိုပဲ လိုက်ကြည့်နေတဲ့သူမှာ အပြစ်ပဲတွေ့ပါတယ်။ ပုထုဇဉ် ဆိုတော့လည်း အပြစ်နဲ့မှ မကင်းနိုင်သေးတာ။ ဘယ်လောက်ကောင်းတာ လုပ်နေလုပ်နေ အပြစ်ဆိုတာ ရှာရင်တော့ တွေ့တာပါပဲ။ အဓိက ကိုယ်ကကြည့်တတ်ဖို့ပါ။ ကိုယ်က မကြည့်တတ်ရင်တော့ ကိုယ့်မှာအကုသိုလ်ဖြစ်နေရတာပါ။ အကုသိုလ်ဆိုတာ တုတ်၊ ဓါး ကိုင်ပြီးလူသတ်နေမှာ့ အကုသိုလ် မဟုတ်ပါဘူး။ ကိုယ့်စိတ်မှာရှုပ်နေရင် ကိုယ့်စိတ်ထဲမှာ သူ့ကို အကြိမ်ကြိမ် သတ်မိနေရင် ကိုယ့်မှာ အကုသိုလ်ဖြစ်နေတာပါ။ အကုသိုလ်မဖြစ်ချင်ဘူး ကုသိုလ်ဖြစ်ချင်တယ်ဆိုရင် ကိုယ့်စိတ်မှာရှင်းအောင်ထားပြီး လူတိုင်းနဲ့ ပြသနာ မဖြစ်အောင်နေဖို့လိုပါတယ်။

ဘုရားရှင်ရဲ့ သာသနာ အရင်းအမြစ်ကလည်း မကောင်းမူရှောင် ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထား ဆိုတာပါပဲ။ လူတိုင်းနဲ့အဆင်ပြေချင်ရင် စိတ်ကိုဖြူအောင်ထားပါ။ စိတ်ကောင်းရှိတဲ့သူဟာ ဘယ်သူနဲ့တွေ့တွေ့ အကုသိုလ်မဖြစ်ပါဘူး။ စိတ်ထား ကောင်းရှိတဲ့သူဟာလည်း ဘယ်သူနဲ့ကြုံကြုံ စိတ်ကောင်းမထားပဲကို မနေနိုင်ပါဘူး။ စိတ်ကောင်းရှိတဲ့သူဟာ ကိုယ့်ကိုကိုယ်လည်း ကြည်ညိုတတ်ပါတယ်။ ဘယ်သူတွေ ဘာပြောပြော ကိုယ်လုပ်တာကိုယ်အသိဆုံးပါ.. ကိုယ့်စိတ်ဖြစ်တာကိုယ်အသိဆုံးပါ..။ ဒါတော့ ဘယ်သူမှာ့ ငြင်းလို့မရပါဘူး။ ဆရာတော်ရှင်ဇ၀န တရားထဲက ဆုံးမစကားလေးကို ထပ်ဖော်ပြပေးပါ့မယ်။ ဆုံးမစကားလေးကတော့ သူတစ်ပါးမကြည်ညိုရင် ကုသိုလ်မရယုံပဲရှိမယ်.. ကိုယ့်ကိုကိုယ်မကြည်ညိုရင်တော့ အပါယ်ကျ လိမ့်မယ် အကြောင်းကား.. သူတစ်ပါးကို လိမ်ညာ၍ရသော်လည်း မိမိကိုယ်ကိုလိမ်ညာ၍ မရသောကြောင့်တည်း ဆိုတာလေးပါ။ ကိုယ့်ကိုကိုယ်ကြည်ညိုတဲ့သူဟာစိတ်ကောင်းလေးတွေနဲ့အမြဲမွေ့လျော်နေတဲ့သူပါပဲ။

ကောင်းတဲ့စိတ်လေးတွေကိုယ့်ရင်ထဲမှာ အမြဲရှင်သန်ဖို့အတွက် ကောင်းတဲ့အတွေးတွေများများ တွေးဖို့ လိုပါတယ်။ သူတော်ကောင်းဟာ မကောင်းတဲ့ အကုသိုလ်ဖြစ်စရာနဲ့ကြုံတဲ့အခါ ကောင်းတဲ့ ကုသိုလ်ဘက်ကိုပြောင်းယူတတ်ပါတယ်။ ဒါသူတော်ကောင်းရဲ့ စိတ်ဓါတ်ပါ။ ဥပမာ.. သူငယ်ချင်းနှစ်ယောက် အခန်းတစ်ခန်းတည်း နေတယ်ဆိုပါဆို့။ ကိုယ်ကစာကျက်နေတယ်.. ကိုယ်စာကျက်နေတဲ့အချိန်မှာပဲ သူငယ်ချင်းက ကက်ဆက်အကျယ်ကြီးထဖွင့်တယ်ဆိုပါစို့။ ဒီနေရာမှာ နှလုံးမသွင်းတတ်ရင် ကိုယ့်မှာ အကုသိုလ်ဖြစ်သွားပါ့မယ်။ ဒီအချိန်မှာဘယ်လိုနှလုံးသွင်းရမလဲဆိုတော့ အော်..င့ါသူငယ်ချင်းက ငါ့ကို ဘယ်လိုအခြေအနေမျိုးမှာမဆို စာကျက်လို့ရအောင် လေ့ကျင့်ပေးနေပါ့လားလို့ နှလုံးသွင်းလိုက်ရင် သူ့အပေါ်မှာလည်း ဒေါသထွက်စရာမရှိတော့ပါဘူး..။ ဒီလိုမှာ့မဟုတ်ပဲ.. ဗြောင်းပြန်ပြန်စဉ်းစားလိုက်ရင်တော့ ကိုယ့်မှာပဲ အကုသိုလ်တွေဖြစ် ဒေါသတွေဖြစ်နေရတာပါ။ ကက်ဆက်ဖွင့်တဲ့သူငယ်ချင်းကတော့ ဘာမှာ့ ဖြစ်သွားမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်ကောင်းထား စိတ်ထားကောင်းဖို့ဆိုရင် အချိန်တိုင်းမှာ ကောင်းတဲ့စိတ်လေးတွေ မွေးနေရမှာပါ။ စိတ်ကောင်းထားတယ်ဆိုတာ တရားကျင့်နေတာပါ။ တရားစစ်တရားမှန်ဆိုရင် အချိန်မရွေးနေရာမရွေးကျင့်လို့ရရပါ့မယ်။ အဲ့ဒါလေးလက်ခံရပါ့မယ်။ အချိန်နေရာရွေးနေတယ်ဆိုရင်တော့ ကိုယ်ကျင့်တဲ့တရားဟာ မှားနေပါတယ်။

အချိန်တိုင်းမှာ စိတ်ကောင်းမွေးနေတဲ့အတွက်လည်း အကုသိုလ်အလုပ်တွေ မလုပ်ဖြစ်တော့ပါဘူး။ လုပ်လည်း မလုပ်ချင်တော့ပါဘူး။ စိတ်ကောင်းသာမွေးလိုက်ရင် အားလုံးဟာအကောင်းဘက်ကိုပဲ ဦးတည်သွားနေတာပါ။ ဒီလိုစိတ်ကောင်းလေးတွေ ကိုယ့်ရင်ထဲမှာ အမြဲရှင်သန်ချင်တယ်ဆိုရင်တော့ ဘုရားရှင်ရဲ့သားရဟန်းတော်များ ဆုံးမတဲ့ တရားစကားများကို များများနာယူဖို့လိုပါမယ်။ ဒါမှာ့လည်း မိမိရဲ့စိတ်မှာ ကောင်းတဲ့ဓါတ်တွေ ကူးစပ်လာမှာပါ။ စိတ်ကောင်းလေးများများလာတာကို အထင်မသေးပါနဲ့.. နိဗ္ဗာန်ကိုရောက်နိုင်ပါတယ်။ မဟာဂန္တာရုံဆရာတော်ကြီးက ဆုံးမထားတယ်.. သူ့ကျောင်းရဲ့ဆောင်ပုဒ်မှာ.. စိတ်ကောင်းရှိဖို့ပထမ.. ဆိုပြီးတော့.. အရင်ဆုံးတရားလုပ်မယ်ဆို စိတ်ကောင်းထားဖို့အရင်ဆုံးမှာထားတာပါ။ ဒါ့ကြောင့် ဘာအလုပ်ပဲလုပ်လုပ် စိတ်ကောင်းလေးအရင်မွေးဖို့ အရေးကြီးပါတယ်။ လူတိုင်းလူတိုင်း စိတ်ကောင်းလေးတွေနဲ့ အမြဲတမ်းမွေ့လျော်ပြီးတော့ စိတ်ကောင်းထား စိတ်ထားကောင်း နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်…။ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ....။

Wednesday, May 18, 2011

ဒေါသကိုဘယ်လိုပယ်

                     တစ်ခါတစ်လေ ဒေါသ ဖြစ်မိတဲ့အခါ ရင်ထဲက
"ဒုတ်. ဒုတ်" ဒုတ် ဒုတ်"နဲ့ အိပ်မပျော်တော့ပါဘူး။ဒေါသဖြစ်တာထက် အိပ်မပျော်တာက ပိုတောင် စိတ်ဆင်းရဲရပါတယ်။
အဲဒီ အိပ်မပျော် တာ တစ်ချက်နဲ့တင် ဒေါသမဖြစ်ချင် တာပါ။ မဖြစ်ချင်ပေမယ့် ဖြစ်နရတုန်းပါ။ အနာဂါမ် မဖြစ် သရွေ့တော့ ဖြစ်နေရဦးမှာပါ။ဒါကြောင့် ဒေါသကို ဘယ်လို ပယ်ရမလဲ ဆိုတာကို သိပ်သိချင်တာပါ။မဟာစည်ဆရာတော်ဘုရားကြီးက ဒေါသနဲ့ ပတ်သက်လို့ဝမ္မိကသုတ်တရားတော်မှာမျက်မှောက်ခေတ်တကယ့်ဖြစ်စဉ် ဇာတ်လမ်းလေးတစ်ပုဒ်ကို ထည့်ဟော ထား ဖူးပါတယ်။
ဟောစဉ်တရားတော်က ဒီလိုပါ။
တစ်ခါက.. သုဓမ္မ၀တီပုံနှိပ်တိုက် တိုက်အုပ် ဦးပန်းမောင်ဆိုတဲ့ ဒကာကြီးကမှတ်ဖွယ် ၀တ္ထုကလေး
တစ်ခုကို ပြောပါတယ်။ ဦးပန်းမောင်ဆိုတာကြားကောင်း ကြားဖူးပါ လိမ့် မယ်။အဲဒီ ဦးပန်းမောင်က ရေဒီယိုထဲကနေပြီးတော့
"မဖြစ်စလောက်တရားတော်"ဟောမယ်ဆိုလို့ "ဘာများ
ဟောမှာ ပါလိမ့်မတုန်း"လို့ဘုန်းကြီးကနားထောင်နေတယ်။သူ ပြောပုံကမဖြစ်စလောက်ကလေးနဲ့လည်းဒုက္ခဖြစ်တတ်တယ်၊
မဖြစ်စလောက်ကလေးပဲဆိုပြီးတော့
မရိုမသေ
မလုပ်လိုက်ပါနဲ့တဲ့။ ဒကာလူရော အဲဒီတုန်းက မကြားလိုက်ဘူးလား၊
မကြားဘူးတဲ့သူတွေကပဲ များပါလိမ့်မယ်။မဖြစ်စလောက် တရားတော်တဲ့၊ သူ ဥစ္စာကောင်း တယ်၊ အမည်ပေးပုံကလေးကိုက သိပ်ကောင်းနေတယ်။
ဖြစ်ပုံကလည်း ဆန်းတယ်၊ ဘယ်လို လဲဆိုတော့ တစ်ခါက အင်မတန် ရင်းရင်းနှီးနှီးအတူနေကြတဲ့ ဦးပဉ္စင်းနှစ်ပါး ရှိပါသတဲ့ ။ တစ်ပါးက ရေချိုးနေတယ်။ အဲဒီလို ရေချိုးနေတုန်းသူ့ဖိနပ်ကို တစ်ပါးက ကျီစယ်လိုတဲ့အနေနဲ့ ၀ှက်ထားတယ်။ ဟိုရေချိုးနေတဲ့ ဦးပဉ္စင်းကရေးချိုးပြီးတဲ့အခါဖိနပ်စီးမယ်လို့ကြည့်လိုက်တော့သူဖိနပ်ကို မတွေ့ရဘူး။မတွေ့ရတော့ အဲဒီ ဦးပဉ္စင်းကလည်း သူ့ဖိနပ်ဝှက်ထားမှန်းသိလို့ ရယ်စရာအနေနဲ့သူက ပြောတယ်။ ပေါ့ပေါ့ဆဆ ပြောလိုက်တာပါပဲ။" ဟေ့… ငါ့ဖိနပ်ကို ဘယ်ခွေးချီသွားမှန်း မသိဘူး" လို့ ပြောလိုက်သတဲ့။ဒီတော့ ဖိနပ် ၀ှက်ထားတဲ့ ဦးပဉ္စင်းက စိတ်နာလိုက်တာမပြောပါနဲ့ကွာ။" ငါကိုခွေးဖြစ်အောင် ဆိုတယ်"လို့ အတွေးခေါင်ပြီးတော့စိတ်နာလိုက်
တာတဲ့။
ဟို ဖိနပ်ရှင် ဥိးပဉ္စင်းကတော့ စေတနာ မပါပါဘူး၊ ခပ်ပေါ့ပေါ့
ပြောလိုက်တာပါပဲ၊စိတ်နာလောက်အော
င်လို့ပြောလိုက်တာ မဟုတ်ပါဘူး။သူ့ဖိနပ် ပျောက်သွားတော့ ဒီလိုပြောရမှာပဲ။ ဖိနပ် ခွေးချီတယ်လို့ ပြောတာဟာပြောရိုး ပြောစဉ်ပဲ။ အပြောခံရတဲ့
ဦးပဉ္စင်းကတော့"ငါကိုခွေးဖြစ်ေ
အာင်ပြောရမလား"ဆိုပြီးစိတ်ဆိုးတာနဲ့အုတ်ခဲကြီးနဲ့ဖိနပ်ရှင် ဦးပဉ္စင်းရဲ့ခေါင်းကိုထုလိုက် တာ ပျံလွန်တော်မူရှာသတဲ့။
အောင်မယ် ပြောတာကတော့ သူ့ဥစ္စာ မဖြစ်စလောက်ပဲ။ ဒါပေမဲ့ ပြောတဲ့ဦးပဉ္စင်းမှာ ပျံလွန်တော်မူရတယ်။
အုတ်ခဲနဲ့ ထူတဲ့ ပုဂ္ဂိုလ်လည်း ရာဇ၀တ်ပြစ်မှုကြီး ဖြစ်ရတယ်"။
ဝမ္မိကသုတ်တရားတော် - နှာ၁၃၉၊၁၄၀၊၁၄၁။
စာရေးသူတို့ မမီလိုက်တဲ့ တရားတစ်ပုဒ်ကို ဆရာတော်ဘုရားကြီး ပြန်ဟောပြလို့သိခွင့် ရတာပါ။ဇာတ်လမ်းလေး
က စာကတစ်ဆင့် ဖတ်ရရုံနဲ့တင် ကြက်သီးထစရာပါ။ စိတ်သဘော မွန်မြတ်မှုလေးတွေကတော့အတိုင်းအတာတစ်ခုအထိ ရှိနေမှာပါ။ဒါပေမယ့် ဖြစ်လာတဲ့ဒေါသကို မထိန်းလိုက်နိုင်တဲ့ အတွက် ကာယကံမြောက် ကျူးလွန် မိသားဖြစ်သွားရတာပါ။
ဒါမျိုးလေးတွေက လူလောကမှလည်း အများကြီးပါပဲ။
ဒေါသအလျောက် ရာဇ၀တ်သင့်နေတဲ့ ထောင်ထဲက သူတွေကို လော့လာကြည့်ရင် ပင်ကိုယ်ဓာတ်ခံအားဖြင့်စိတ်ထားလေးတွေက ကောင်းကြပါတယ်။ ဒါပေမယ့်ဖျက်ခနဲဖြစ်လိုက်တဲ့ဒေါသကိုဖျက်ခနဲမထိန်းလိုက်နိုင်
တဲ့အတွက်ဖျတ်ခနဲ ပြုမိသွားကြတာပါ။ သတိဝင်တဲ့အခါမှာ အားလုံးကျူးလွန်ပြီးသား ဖြစ်နေပါပြီ။
ဒီလို ကျူးလွန်မိလိုက်တာကို "ငါ ပြုမိလိုက်တာမှ ဟုတ်မှ ဟုတ်ပါမလား"ဆိုပြီး ကိုယ့်ကိုယ်ကိုတောင် မယုံပါဘူး။
ဒါပေမယ့် အရာအားလုံးက နောက်ကျ သွားခဲ့ပါပြီ။ နောက်ဆုံးတော့ လောကပြစ်ဓမ္မပြစ်တွေကို နင့်နင့် ကြီးခံစားသွား ရတော့တာပါ။
တကယ်လို့ ဒေါသမဖြစ်ဘဲ မနေနိုင်လို့ ဖြစ်မယ်ဆိုရင်လည်း မနောကံအဆင့် လောက်မှာပဲ ဖြစ်နေပြိး ၀စီကံ ၊
ကာယကံကို ကောင်းကောင်း စောင့်ထိန်း ထားလိုက်နိုင် ရင် အခုလို
အဖြစ်ဆိုးကြီးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။အနာဂါမ်မဖြစ်သရွေတော့ ဒေါသကရှိနေဦိးမှာပါ။

ဒါပေမယ့်ဖြစ်ဦးတော့မနောကံအဆင့်မှာပဲထိန်းထားလိုက်နိုင်အောင် ကြိုးစားရပါမယ်။ မနောကံအဆင့် မှာပဲ ဖြစ်နေတာဆိုတော့သူတစ်ပါး
မသိပါဘူး။ ဒီတော့ကိုယ့်ကိုလည်းသူတစ်ပါးက အထင်မသေးတော့ ပါဘူး။ တကယ်လို့ ပက်ကနဲ ပြန်ပြောမိလိုက်ရင် ကိုယ်ဒေါသထွက်တာ လူသိ
သွားပါပြီ ၊ ဒါဆို ကိုယ့်ကိုလည်း အထင်သေးသွားပါပြီ။
ဦးဇင်လေးနှစ်ပါးရဲ့ ဖြစ်စဉ်ကို အားလုံးကြားဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့နှိုင်း ယှဉ် ကြည့် ရအောင်ပါ။
တစ်ခါတုန်းက ရဟန်းတစ်ပါးဟာ ကျောင်းဆောက်ဖို့ သစ်ပင်ခုတ်ပါတယ်။ အဲဒီသစ်ပင်မှာသားငယ်တစ်ဦိးနဲ့
နေနေတဲ့ နတ်သမီးက သူနေနေတဲ့ ဗိမာန်ကို မဖျက်ဆီးဖို့ တောင်းပန်ပါတယ်။ဒါပေမယ့် မရပါဘူး။ ရဟန်းက
စိတ်လက်မာန်ပါနဲ့ ခုတ်ချလိုက်တာနတ်သမီးရဲ့ သားငယ်လေးလက်ကိုထိခိုက်သွားပါတယ်။ဒီတော့နတ်သမီး
က ဒေါသအကြီး အကျယ် ထွက်ပြီး ရဟန်းကို သတ်ပစ်မလို့ ကြံလိုက်ပါတယ်။ဒါပေမယ့် ဖြစ်နေတဲ့ ဒေါသကို
ထိန်းသိမ်းပြီး မြတ်စွာဘုရားရှင်ကို အကျိုးအကြောင်း သွားလျှောက်ပြပါတယ်။ဒီတော့ မြတ်စွာဘုရားက
"ချစ်သမီး..ကိုယ့်ရဲ့ ဒေါသကို သိမ်းဆည်းနိုင်ခဲ့တာသိပ်ကောင်းတာပဲ။
တကယ်လို့ချစ်သမီးကအဲဒီအရဟန်းရဲ့အသက်ကိုအန္တရယ်ပြုလိုက်ရင်ချစ်သမီးအတွက် အကုသိုလ်တွေတိုးပွားသွားလိမ့် 
မယ်"လို့အားပေးနှစ်သိမ့်စကားပြောလိုက် ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ကျောင်းအနီးမှာရှိတဲ့
သစ်ပင်တစ်ပင်မှာ နေဖို့ ပေးလိုက် ပါတယ်။
ရဟန်းငယ်လေးကော၊ နတ်သမီးလေးကောဒေါသတော့ ဖြစ်လိုက်ကြတာပါပဲ။ ဒါပေမဲ့ ရဟန်းငယ်လေးက
ကာယကံနဲ့ဝစီကံကိုမထိန်းလိုက်နိုင်ပါဘူး။နတ်သမီးလေးကကာယကံ နဲ့ဝစီကံကိုထိန်းလိုက်နိုင်ပါတယ်။ ဒေါသဖြစ်တာချင်းအတူတူ ကာယကံနဲ့ ၀စီကံကို ထိန်းနိုင်ခြင်းနဲ့ မထိန်းနိုင်ခြင်းကွာသားပါတယ်။
ဖြစ်စဉ်လေးက စက္ကန့်ပိုင်း ၊ မိနစ်ပိုင်း အတွင်းလေးပါ။ ကိုယ်က
ဒီစက္ကန့်ပိုင်း၊ မိနစ်ပိုင်း အတွင်းလေးကိုကောင်းကောင်း ထိန်းလိုက်နိုင်ဖို့ပါ။ မထိန်းလိုက်နိုင်ရင် ကြီးမားတဲ့
အပြစ်ဆိုး ကျိုးကြီးကို ရလိုက်တော့တာပါ။
ဒီနေရာမှာ နည်းယူဖို့ကောင်းတာက နတ်မီးသလေးရဲ့ အပြုအမူပါ။ နတ်သမီးလေးကဖြစ်လာတဲ့ဒေါသကိုထိန်းပြီးအားကိုးလေးစားရာမြတ်စွာဘုရားကိုသွားလျှောက်တာပါ 
။သွားလျှောက်တာ
အမှားမဖြစ်တော့ပါဘူး ။
ကိုယ်က ဒါလေးကို နည်းယူပြီး ဒေါသဖြစ်လာတဲ့ အခါ ကိုယ်လေးစားရတဲ့တရားအသိအတော်အတန်ရှိတဲ့ဆရာသမား၊မိဘမိတ်ကောင်းဆွေကောင်း
တစ်ဥိးဥိးဆီပြောပြလိုက်ဖို့ပါ။ဆရာမိတ်ဆွေတွေရဲ့တရားစကားလေး
တစ်ခွန်းလောက် ကြားလိုက်ရရင် ဖြစ်နေတဲ့ ဒေါသ က ပြေသွားတာများပါတယ်။
ဒါလည်း နည်းယူရမယ့် ဒေါသဖြေနည်းတစ်ခုပါ။ ဒေါသ ဖြစ်လာတဲ့အခါ ကိုယ်တိုင်မဆုံးဖြတ်ဘဲ ကိုယ့်ထက်
အသိဉာဏ် အတွေ့အကြုံရှိတဲ့သူကို တိုင် ပင်ပြီးမှ လုပ်တာက အကောင်းဆုံးပါ။
ဒေါသဖြစ်နေတုန်း ကိုယ့်သ
ဘောနဲ့ ကိုယ် ဆုံဖြတ်ရင် မှား တာများပါတယ်။
ဒီတော့ ဒေါသဖြစ်လာပြိဆိုရင် ကိုယ်လေးစားရသူ တစ်ဥိးဦးကို ရင်ဖွင့်ပြောပြလိုက်ပါ။ ရင်ဖွင့်လိုက်၇င် စိတ်က
ပေါ့သွားတာ များပါတယ်။
တစ်ခု သတိထားရမှာက ကိုယ်တိုင်ပင် နည်းခံတဲ့သူက တရားအသိ အားနည်းပြီး"ကိုယ့်ကို ဒီလို စောကားတာငြိမ်ခံမနေနဲ့၊ ပြန်သာ ဆော်ပစ်လိုက်ပါလား၊ ငါဘာကူညိရမလဲ" ဆိုပြီမြှောက်ပေးတဲ့သူ မဖြစ်ဖို့ောတ့ လိုပါတယ်။အဲဒီလို တရားအသိအားနည်းတဲ့
လူမျိုးများသွားတိုင်ပင်မိရင်ကု
ိယ်ကမကျူးလွန်ချင်ဥိးတော့သူကြောင့်
ကျူးလွန်ချင် စိတ်တောင် ဖြစ်သွား ဦးမှာပါ။
လူ သုံးမျိုးတွေ့ရပါတယ်။
ဒေါသမဖြစ်အောင်နေတဲ့သူရယ်၊
ဒေါသဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့ ဒေါသကို သိပြီး ရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်တဲ့သူရယ်၊ဒေါသဖြစ်ပေမယ့် ကိုယ် ဒေါသ ဖြစ်နေမှန်း မသိဘဲ ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့သူ ရယ်ပါ။
တစ်ချို့က ဒေါသမဖြစ်အေင်ကို နေတာပါ။ သူ့ကို ကြည့်လိုက်ရင်
ပြုံးပြုံးနဲ့ပါ။ မျက်မှာ ကလည်း ကြည်လင်နေတာပါ။ ဒေါသမဖြစ်တော့ စိတ်ကကြည်နေ၊ စိတ်ကြည်နေတော့ ရုပ် ကပါ လိုက် ကြည်လင်နေတာပါ။
တစ်ချို့ကျတော့ အလိုမရှိတဲ့ အာရုံ တစ်ခုခုကို တွေ့ပြီး
ဒေါသတော့ဖြစ်လိုက်တာပါပဲ။ဒါေ
ပမယ့်ကိုယ်ဒေါသဖြစ်နေ
မှန်းကို ချက်ချင်းသိလိုက်ပါတယ်။ သိတာနဲ့ ပယ်လို့ရ တဲ့ နည်း တစ် ခုခုနဲ့ပယ်ပယ်ပစ်တာပါ။ ဒေါသဖြစ်ပေမယ့်
ဖြစ်တဲ့ ဒေါသက အကြာကြီး တည် မနေ တော့ပါဘူး။
တချို့ကျတော့ ကိုယ်ဒေါသဖြစ်ပေမယ့် ဖြစ်မှန်းကို မသိတော့တာပါ။ ဒါကြောင့်ဒေါသကို ဆက်ကာ ဆက်ကာ
ဖြစ်နေတော့တာပါ။ မနေနိုင်တော့တဲ့ အဆုံး မပြောသင့်တဲ့စကားတွေ
ပြောချလိုက်မိရော။ မလုပ်သင့်တာတွေ
လုပ်ချလိုက်မိရော၊နောက်ဆုံးတော့ ကြီးမားတဲ့ လောကပြစ်၊ ဓမ္မပြစ်ကြီးတွေပါ ကျူးလွန်မိသူ ဖြစ်သွားတော့
တာပါ။ ဒီအခြေနေမျိုး ရောက် သွား ရင် သိပ်ကြောက်ဖို့ ကောင်းတာပါ။ကိုယ်က ပါရမီအားနည်းသေးလို့ ပထမ အမျိုးအစားမှာ မပါသေးရင်တောင် ဒုတိယအမျိုးအစားတော့ ပါအောင်ကြိုးစားရမှာပါ။
ဒေါသဖြစ်လာပြီဆိုရင် ကိုယ်ဒေါသဖြစ်နေတာကို သိလိုက်ဖို့ပါ။
ကိုယ်ရှေ့မှာရှိတဲ့ ခွက် ကလေးကို ထိုင်ကြည့်နေသလို ဖြစ်နေတဲ့ ဒေါသလေးကို စိတ်ကလေးနဲ့ ထိုင်ကြည့်နေဖို့ပါ။ တတ်နိုင်သရွေ့
ဒေါသရဲ့ သဘောလေးကို မိနိုင်သမျှမိအောင် ကြည့်နေလိုက်ဖို့ပါ။
ဒေါသလေးက ဘယ်လိုလေးလဲ။ ဘယ်လိုလေးဖြစ်နေတာလဲဆိုပြီး ဒေါသရဲ့ သဘော လေးကိုသိနေလိုက်ဖို့ပါပဲ။
ဒီတော့ ဒေါသဖြစ်ဖြစ်လာပြီဆိုရင် နှုတ်က လည်း ပြောလိုက်ပါဦး။
"ကိုင်း…ဒေါသရေကြိုက်သလောက်ဖြစ်
စမ်း၊ငါကတော့မင်းကိုစိုက်ကြည့်နေမှာပဲ"လို့ပြောပြီးဒေါသကိုသေချာသာ
စိုက်ကြည့်နေလိုက်ပါ။
မျက်စိနဲ့ကြည့်ရမှာတော့မဟုတ်ပါ
ဘူး။စိတ်နဲ့ကြည့်နေရမှာပါ။ရှေ့မှာချထားတဲ့ကော်ဖီခွက်ကလေးကိုသေချာစိုက်ကြည့်နေရင် ခွက်ကလေးရဲ့ သဘောလေးကို သိရသလို ဖြစ်နေတဲ့ ဒေါသလေးက ဘယ်လိုလေးလဲ၊ဘယ်လိုသဘော လေး ဖြစ်နေတာလဲ ဆိုတာ သိအောင် ကြည့်ရမှာပါ။သိစ ကြည့်စမှာတော့ ဒေါသကလေးက ပျောက်ဦးမှာ မဟုတ်သေးပါဘူး။ သိပါ၊ သိပါ၊
ကြည့်ပါ ကြည့်ပါများလာရင် ဒေါသလေးက လျော့လျော့သွားတာ များပါတယ်။ လိုရင်းကတော့ဒေါသဖြစ်လာရင် ဒေါသကို
ပြန်ကြည့်နေလိုက်ဖို့ပါ။အဲဒီလို ဒေါသဖြစ်တာလေးကို သိလိုက် တာဟာ အဆင့်မြင့် ၀ိပဿနာနဲ့ ပယ်လိုက် တာပါပဲ။
မဟာသတိပဋ္ဌာန်သုတ်မှာ ဒေါသဖြစ်ရင် ဖြစ်တယ်လို့ သိလိုက်ပါတဲ့ ၊
မြတ်စွာဘုရားက ရိုးရိုးလေးပဲ ပြထားတာပါ။
ကျင့်စမှာတော့ ခက်နေမှာပါ။ ကျင့်ပါများသွားရင် အလေ့အကျင့်ဖြစ်ပြီးလွယ်သွားလိမ့်မယ်။မခက်လှတဲ့ကျင့်စဉ်လေးကို လက်တွေ့ကျင့်သုံးကြည့်သင့်ပါတယ်
။ ကျင့်နေတဲ့ အချိန် မှာ တစ်ဖက်ကလည်း"ငါ မြတ်စွာဘုရားကိုအကျင့်နဲ့ ပူဇော်နေတယ်၊ငါ မြတ်စွာဘုရားကိုအကျင့်နဲ့ပူဇော်နေတယ်"လို့ နှလုံးသွင်းနေလိုက်
ပါ။ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော် နေတာဆိုတော့ မြတ်စွာဘုရားရဲ့မျက်နှာတော်လေးကို မြင်ယောင်ပြီး မြတ်စွာ
ဘုရားကို အားနာသွားပြီး ဒေါသကို ဆက်ပြီး မဖြစ်ရက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မြတ်စွာဘုရား
ကို အနှို်င်းမဲ့ ကြည်ညိုထားလို့ပါ။"ဒေါသ ဖြစ်လိုက်တာနဲ့ သိလိုက်ပြီး မြတ်စွာဘုရားကို အကျင့်နဲ့ပူဇော်လိုက်"၊ "ဒေါ သဖြစ်လိုက်တာနဲ့ သိလိုက်ပြိးမြတ်စွာဘုရားကို အကျင့်နဲံပူဇော်လိုက်"နဲ့ ကြာလောတော့
ဒုတိယ အမျိုးအစားထဲမှာ ပါသွားပါလိမ့်မယ်။ ဆက်လက်ပြီး
ကျင့်သွားမယ်ဆိုရင်တော့ ပထမ အမျိုးအစားထဲမှာတောင် ပါသွားတော့မှာပါ။
အဲဒီလိုမှ မပျောက်ရင်" ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်"လို့ ထပ်ကာထပ်ကာ ဆိုနေလိုက်ပါ။
တကယ်လို့ ဒေါသက အင်အားသိပ်ကောင်းနေရင်လည်း"ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်"လို့
အသံကို မြှင့်ပြီး ခပ်ကျယ်ကျယ်လေးသာ အော်ဆိုနေလိုက်ပါ။ ရွတ်ဆိုရင်းနဲ့အသိဉာဏ် ၀င်လာတဲ့အခါဒေါသက လျော့သွားတာ များပါတယ်။
အဓိကကတော့ဒေါသကိုပယ်ချင်တဲ့စိတ်
ရှိဖို့ပါပဲ။
ပုထုဇဉ်အလျှောက်ဒေါသကိုမပယ်နို
င်သေး လို့ဒေါသဖြစ်နေ
ရသေးပေမယ့်ကိုယ်ကဒေါသကိုပယ်ချင်
စိတ်ရှိဖို့ပါပဲ။ပယ်ချင်စိတ်ကိုအခြေခံပြီးရွတ်နေရင်လျော့လျောသွားတာများပါတယ်။
နောက်တစ်ခု သတိ ထားရမှာက ဒေါသဖြစ်နေတဲ့ အချိန်မှာ ကိုယ်ဒေါသ ဖြစ်ရ သူနဲ့ဘာစကားမှ မပြောမိ
အောင်ရယ် ဘာမှ မလုပ်မိအောင်ရယ် အထူးသတိထားရပါမယ်။ဒေါသထွက်နေတု
န်းပြောလိုက် ပြုလိုက်ရင် မှားသွားတာများလို့ပါ။
စာထဲမှာ ဘာဖြစ်လို့ ဒေါသဖြစ်ရသလဲလိုတော့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိကာရကြောင့်ပါတဲ့။
အနိဋ္ဌာရုံဆိုတာ ကိုယ်မနှစ်သက်တဲ့ အာရုံ ကိုယ်အလိုမရှိအပ်တဲ့ အာရုံပါ။ကိုယ်မနှစ်သက်တဲ့အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ကိုယ်မနှစ်သက်တဲ့ အစား အစညာကိုယ်နှစ်သက်တဲ့ ပစ္စည်း၊ ကိုယ်မနှစ်သက် တဲ့လူ စသည် စသည်တွေကြောင့် ဒေါသဖြစ်ရပါတယ်။
နောက်တစ်ခုက အယောနိသောမနသိကာရ နှစ်လုံးသွင်းမှားမူကြောင့်လည်း ဖြစ်ရ ပါတယ်။
ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကြောင့်လည်း ဒေါသဖြစ်ရတာဆိုတော့ အနိဋ္ဌာရုံတွေကိုမမြင်အောင်
မကြားအောင် ကြိုရှောင်ထားလိုက်ရင်လည်း ဒေါသကို ကြိုတားပြီးသား ဖြစ်နေပါတယ်။
စာမှာတော့ ဒေါသဖြစ်ရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိ ကာရ ကြောင့်လို့
ဆိုပေမယ့် အယောနိသောမနသိကာရအဓိကကျပါတယ်တဲ့။ဘာဖြစ်လို့လဲ ဆိုတော့ကိုယ်မနှစ်သက်တဲ့
အနိဋ္ဌာရုံနဲ့တွေ့ဦးတော့ ယောနသောမနသိကာရနဲ့ နှစ်လုံးသွင်း လိုက်၇င် ဒေါသမဖြစ်တော့ပါဘူးတဲ့။
ဒေါသကို ပယ်ချင်တဲ့သူက ဒီစာမှတ်ချက်ကလေးကို သေချာအာရုံပြုထားရမှာပါ။
ကြုံလာတဲ့ အာရုံတိုင်းကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းထားလိုက်၇င် ဒေါသဖြစ်နိုင် စရာ မရှိတော့ပါဘူး။
စာထဲမှာ ထပ်ပြထားတာကတော့ အနိဋ္ဌာရုံကို တားလို့မရပါဘူးတဲ့။ ဟုတ်လည်း ဟုတ်ပါတယ်။ ပတ်ဝန်းကျင်
်နဲ့ နေရတာဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကတော့ အရှေ့ အနောက် တောင်မြောက် ၀ဲ ယာကနေ ပေါ်
ချင်သလို ပေါ်ပေါ်နေမှာပါ။ ဘယ်လိုမှ တားလို့ ရမှာ မဟုတ်ပါဘူး။
ယောနသောမနသိကာရကို လက်ကိုင်ထားနိုင်မှ ကိုယ်မဖြစ်ချင်တဲ့ ဒေါသက မဖြစ် မှာပါ။
ဒီတော့ကိုယ်မနှစ်သက်တဲ့ အာရုံကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းတဲ့အလေ့လေးကိုထပ်ကာထပ်ကာ လေ့ကျင့်ထုံထားနိုင်ရပါမယ်။ လေ့ကျင့်စမှာတော့
ရချင်မှ ရမှာပါ။ လေ့ကျင့်ပါ များလာရင်တော့ အတိုင်းအတာ
တစ်ခုအထိတော့ ရင့်ကျက် သွား တော့မှာပါ။
ဒါကြောင့် ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံတွေ့လိုက်တာနဲ့
"ငါ ယောနိသောမနသိကာရနဲ့ နေမယ်""ငါ ယောနိသောမနသိကာရနဲ့ နေမယ်" လို့ ငါးခါခြောက်ခါလောက် ဆင်ခြင်ပစ် လိုက်ပါ။ဆင်ခြင်မှုကို လျှော့မတွက်ပါနဲ့။ ဆင်ခြင်ပါများရင် အဲဒီဆင်ခြင်မှုကပဲ
ယောနိသော မနသိကာရ ဖြစ်ဖို့ အတွက် ကူညီသွားပါလိမ့်မယ်။
ဇာတ်ဝတ္ထုတွေ ထဲမှာ ဆင်ခြင်ရင်းနဲ့ သံဝေဂဖြစ်၊ အဲဒီ သံဝေဂကိုပဲ အခြေခံပြီးဝိပဿနာ ဆက်ကူးသွားတာတရားထူး တရား မြတ် ရဖို့အထိတောင် အထောက်အပံ့ ဖြစ်တာပါ။
ဒီတော့ ရတာ မရတာထား၊ ဆင်ခြင် စရာရှိတာ တင်းတင်းသာ ဆင်ခြင်နေလိုက်ပါ။ဆင်ခြင်မှုရဲ့ အကျိုးကိုတော့
ခံစား ရပါလိမ့်မယ်။
ဒေါသ ပယ်နည်းတွေကတော့ စာထဲမှာ အများကြီးပါပဲ။
ဒီတော့ ဆင်ခြင် နှလုံးသွင်းပြီး ပယ်တာရယ်၊ ၀ိပဿနာနဲ့ ပယ်တာရယ်ပဲ ရေးပြလိုက်ပါတယ်။ကဲ… စာဖတ်သူ၊ ဒေါသဖြစ်လာတဲ့အခါ"ကဲ… ဒေါသ ၊ မင်းကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကိုသေချာထိုင်ကြေည့်နေမှာပဲ" ဆိုပြီး ဖြစ်လာတဲ့
ဒေါသကလေးကို စိုက်ကြည့် နေလိုက်ပါ။ ကြည့်ပါ ကြည့်ပါများလာရင်တစ်နေ့သောအခါမှာ ဒေါသနည်းသူတစ်
ယောက် ဖြစ်သွားပါလိမ့်မယ်။

Monday, May 16, 2011

ဘယ်လိုအချစ်မျိုးလည်း

 လောကတွင် တစ်ဦးနှင်တစ်ဥိး ချစ်ခင်စုံမက်စွာချစ်နေကြတာက ဘယ်လိုအချစ်မျိုးပါလည်းဘယ်ကဲ့သို့ သောအချစ်မျိုးဖြစ်သင်ပါသလည်းတကယ်တမ်းရော ချစ်တက်ကြပါရဲ့ လားထိုကဲ့ သိုအချစ်မျိုးစုံလင်စွာရှိသည်အနက်မှ မှတ်သားသင့်သည်အချစ်က သုံးမျိုးဖြစ်ပါသည်။
ပထမဆုံးအနေနဲ့ ချစ်ခြင်းတွေ အကြောင်းကို အကြမ်းဖျဉ်း ဖော်ပြလိုပါတယ်။ အချစ်အမျိုးအစား (၃) မျိုးရှိ ပါတယ်။
တဏှာပေမ လို့ခေါ်တဲ့ ချစ်သူအချစ်၊တဏှာအချစ်
ဂေဟဿိတပေမ လို့ ခေါ်တဲ့ မိသားစုအချစ်
မေတ္တာပေမ လို့ ခေါ်တဲ့ မေတ္တာအချစ်၊ ပါရမီ အချစ်
အဲဒီ့ချစ်ခြင်း ၃ မျိုးမှာ အပူလောင်စေဆုံးကတော့ တဏှာအချစ်၊ ပြီးတဲ့နောက် မိသားစုအချစ်ဟာလဲ တဏှာနဲ့ ဆက်နွယ်နေလျက်ပါ။
အချစ်တွေ ဘယ်လိုကွာလဲ
အရိုးရှင်းဆုံးသော ဖြေရှင်းချက်ထုတ်ပါ့မယ်။ မေတ္တာပေမနဲ့ ချစ်သူတိုင်းဟာ မေတ္တာဆိုတဲ့ အအေးဓါတ်နဲ့ အတူ အေးမြနေပါတယ်။ တဏှာနဲ့ ချစ်ပြီဆိုရင်တော့ကွယ်…. သံသရာတွေရှည်ဖို့ရန် အပူဓါတ်နဲ့ အတူ ပူလောင်မှုတွေ ရှိရပါတော့တယ်။ ဂေဟဿိတ ကျပြန်တော့ရော… သူ့မှာ မေတ္တာဖက်သလို တဏှာနဲ့ စွက် နေပါသေးတယ်။ သမီးလေးအတွက် ပူပန်ရ၊ အဖေ့အတွက် စိတ်မောရ.. အဲဒီ့လို အဲဒီ့လို ပူပန်မှုတွေ ပေးတတ် ပါသေးတယ်။ ဒါတွေဟာတော့ အချစ်အကြောင်း အကြမ်းဖျဉ်းပေါ့လေ..။
ကျွန်မတို့ဟာ ကာမဘုံဖြစ်တဲ့ လူ့လောကမှာ ကျင်လည်ရင်း အရွယ်ရောက်သူအားလုံး ကြုံကြ တွေ့ကြရမှာ တဏှာပေမ အချစ်ပါ။ ရှောင်ချင်သူတွေတောင် ရှောင်မရဘူးဆိုတဲ့စကားတွေ ကြားရတာ အများကြီးရယ်ပါ။ ဒါကြောင့် အားလုံး တွေ့ကြကြုံကြရမယ့် တဏှာပေမချစ်ခြင်းအတွက် ကြိုတင်ပြင်ဆင်ရအောင်။ တဏှာပေမ အချစ်ဆိုတဲ့အတွက်ပူပန်မှုတွေအပြည့်နဲ့ ဖြစ်နေမယ်ဆိုတာ သတိပြုမိကောင်းပါရဲ့။ ကိုယ်ချစ်တဲ့လူ နေထိုင်မကောင်းဖြစ်တယ်ဆိုရင် စိတ်ပူရမယ်။ ကိုယ်ချစ်တဲ့လူ ကွယ်ရာမှာ ဘာတွေ လုပ်နေမလဲဆိုပြီး ပူပန်ရမယ်။ ကိုယ်ချစ်တဲ့လူ ကိုယ့်ကို ချစ်မှ ချစ်ရဲ့လားဆိုပြီး ပူလောင်ကြမယ်။ (အမယ်လေးလေး.. ရေးရင်းနဲ့ကို ကြောက်လာပြီ…. “ပူ” ဆိုတဲ့ စကားလုံးက မလွတ်ဘူးနော်) ဒီအပူတွေ ကိုယ့်ကို လောင်မြိုက်မှာကို ကြိုသိနေတယ်ဆိုရင် ကြိုတင်ကာကွယ်မှုတွေလဲ လုပ်နိုင်ရမှာပေါ့။
အချစ်ကြီး၍ အမုန်းကြီးသည်လား
ဆဒ္ဒန္တဇာတ်တော်ဆိုရင် ငယ်စဉ်တည်းက ကြားဖူးသိဖူးကြပါတယ်။ ဆဒ္ဒန်ဆင်မင်း၊ မဟာသုဘဒ္ဒါ၊ စူဠသုဘဒ္ဒါ ဆိုတာတွေဟာ ရင်းနှီးပြီးသားတွေပါ။ စူဠသုဘဒ္ဒါဟာ အချစ်ကြီးခဲ့လို့ ကိုယ်ချစ်တဲ့သူ ပျက်စီးလောက်တဲ့အထိ မုန်းတီးခဲ့တယ်။ ဒါတွေရဲ့ အရင်းခံဇစ်မြစ် တရားခံဟာ စူဠသုဘဒ္ဒါ မဟုတ်ပါဘူး။ စူဠသုဘဒ္ဒါရဲ့ စိတ်မှာ ဖြစ်ပေါ် နေတဲ့ ဆဒ္ဒန်အပေါ် ထားရှိခဲ့တဲ့ တဏှာပေမ အချစ်ကြောင့်ပါ။ စူဠသုဘဒ္ဒါကို အညှိုးကြီးတဲ့ မိန်းမရိုင်းကြီးရယ်လို့ သတ်မှတ်ကြသူတွေလဲ ရှိသလို သနားစရာအဖြစ် ယူဆကြတာလဲ ရှိပါတယ်။ ဘယ်လိုပဲ ထင်ကြ ထင်ကြ.. အနှစ်ချုပ်ကြည့်မယ်ဆိုရင်တော့ စူဠသုဘဒ္ဒါရဲ့ မချစ်တတ်မှုကိုသာ အဆိုးပြောရတော့မှာပါပဲ။
တော်ဝင်စံထား မိန်းမသား
လောကမှာ တဏှာပေမလဲ ပါတယ်… မေတ္တာစစ်လဲ ဖြစ်တဲ့ အချစ်မျိုးကို မြင်ဖူးကြ၊ ကြားဖူးကြမလား။ အခြားအကြောင်းအရာတွေ မသိရ၊ မကြားဖူးရသေးရင်တောင် ဗုဒ္ဓဘာသာဝင်တိုင်း သိနေကြမှာက ယသော်ဓရာ ဒေဝီကိုပါ။ သိဒ္ဓတ္ထမင်းသား ရဲ့ ကြင်ယာတော် မိဖုရားကြီး ယသော်ဓရာ။ သားဦးလေးမွေးဖွားတဲ့ နေ့မှာပဲ ခင်ပွန်းသည်က လောကီကို စွန့်ခွာလို့ သူမကိုပါ စွန့်ခွာသွားတာခံခဲ့ရတဲ့ ယသော်ဓရာ။ အင်မတန်မှ မြင့်မြတ်တဲ့ ချစ်ခြင်းမေတ္တာကို ပိုင်တဲ့ ယသော်ဓရာ။ နုစဉ်ဘဝ ပါရမီတွေ ဖြည့်ချိန်မှာ သူမရဲ့ မေတ္တာမှာ တဏှာပေမ မပါဘူးလို့လဲ ငြင်းလို့ မရသလို တဏှာပေမ အချစ်ကြီးပါလို့ ပြောလို့ မရနိုင်တဲ့ မေတ္တာမျိုးပါ။ ပါရမီဖြည့်ဘက်တယောက် ပီသစွာ ဘုရားအလောင်းတော် အပေါ်မှာ ချစ်မြတ်နိုးခဲ့ပါတယ်။ ဘုရားအလောင်း တော်ရဲ့ ပါရမီဖြည့်ဆည်းမှုတွေအတွက် မငြီးမငြူ ပါရမီဖြည့်ဘက်အဖြစ် ရှိခဲ့တဲ့ ယသော်ဓရာဟာ မိန်းမသား အားလုံး စံထားစရာ မိန်းမတယောက် ဖြစ်ပါတယ်။ ဒီနေရာမှာ ငြင်းချင်ဦးမလား မြင်မိပါတယ်။ ပါရမီရင့်ကျက်တဲ့ ယသော်ဓရာမို့ ဒီလို ပါရမီတွေ ဖြည့်ဆည်းနိုင်ခဲ့တယ်လို့ ပြောကြမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သုမိတ္တာဘဝမှာ စတင်ခဲ့တုန်းက ယသော်ဓရာဟာ ပါရမီ နုငယ်ပါသေးတယ်။ ပုထုဇဉ်ပဲ ဖြစ်ပါတယ်။ အားလုံးဟာ ဟိုးအရင် ဘဝအစတည်းက ပါရမီအနုအရင့်ဆိုပြီး မွေးလာတာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင် ဖြည့်ကျင့်မှုသည်သာ အဓိကပါ။ တဘဝပြီး တဘဝ ပါရမီတွေ ဖြည့်ဆည်းခဲ့လို့သာ နောက်ဘဝ နောက်ဘဝတွေမှာ ပါရမီ ရင့်တယ်ဆိုပြီး ဖြစ်လာတာပါ။ ဒါကြောင့် ယသော်ဓရာကို စံထားလို့ ပါရမီဖြည့်လိုကြတဲ့ အမျိုးသမီးတွေ ငါ ပါရမီနုသေးတယ်လို့ ဆိုတာထက် ငါအခုကစပြီး ပါရမီဖြည့်မယ်ဆိုတဲ့ စိတ်ထားလေးတွေ ထားရှိသင့်ပါပြီ။ (မိမိကိုယ်တိုင်လဲ သတိ အတန်တန် ပေးရပါမည်)
ယောက်ျားသားများ အလေးထားစရာ
တော်ဝင်စံထား မိန်းမသားတွေ ရှိရုံမျှနဲ့လဲ မေတ္တာစစ်စစ်ကြီးတွေ အရှည်တည်တံ့နိုင်မှာ မဟုတ်ပါဘူး။ ယသော်ဓရာကတော့ တကယ့်ကို အမြင့်မြတ်ဆုံး၊ အသာလွန်ဆုံးသော မဟာလူသား ဖြစ်လာမယ့် ဗုဒ္ဓမြတ်စွာ လောင်းလျာကို ပါရမီဖြည့်ခဲ့ရတာမို့ စံထားစရာ မိန်းမသားဖြစ်ခဲ့ရတာပါ။ မိန်းမတွေသာ မြင့်မြတ်ပြီး ယောက်ျား တွေကတော့ နေချင်သလို နေ၊ ရှုပ်ပွေနေမယ်ဆိုရင် အဲဒီ့မိန်းမတွေ ဘယ်လောက်တော်တော် ပါရမီဖြည့်တယ် ဆိုတဲ့အရာကို ရောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ယောက်ျားတွေအနေနဲ့လဲ အလေးအနက်ပြုစရာတွေ ရှိနေ ပြန်ပါတယ်။ အပျော်အပါးတွေကို တတ်အားသရွေ့ လျှော့ရပါမယ်။ သစ္စာရှိရပါမယ်။ လက်ရှိကာလဟာ သာသနာတွင်းဖြစ်တဲ့အတွက် သာသနာတွင်းမှာ ရှိတဲ့ ဒါန၊ သီလ နဲ့ ဘာဝနာတရားကို စွဲမြဲရပါမယ်။ ဗုဒ္ဓအဆုံးအမအတိုင်း လိုက်နာနေထိုင်တဲ့ အမျိုးသားတွေ ဖြစ်ရပါမယ်။
မိန်းမသားတို့ တာဝန်သိဖို့
လူအမျိုးမျိုး စိတ်အထွေထွေတဲ့။ လူတွေ အများကြီးဆီကို လိုက်မပြောလိုပါဘူး။ မိမိကိုယ်ကို မိမိစိတ်ကိုပင် ပြန်ဆန်းစစ်မယ်ဆိုရင် စိတ်ကလေးတွေဟာ စက္ကန့်ပိုင်းလေးအတွင်းမှာ ဖြစ်ပြီးပျက်ပျက်သွားတဲ့ စိတ်ကလေး တွေ၊ ဝင်လာတတ်တဲ့ လောဘတွေ၊ ဒေါသတွေ၊ အဲဒီ့လောဘ၊ဒေါသတွေကို သတိပြုလိုက်တဲ့စိတ်၊ သတိမပြု လိုက်မိတဲ့စိတ်.. ကိုယ့်စိတ်တောင် အမျိုးမျိုးဖြစ်နေတဲ့ ကျွန်မတို့ ကာမဘုံသားတွေအတွက် အားကိုးအားထား ရာဟာ “သတိ” တခုပါပဲ။ သတိရှိရင် ရှိသလောက် ဆင်ခြင်နိုင်မှာဖြစ်ပြီး သတိမရှိရင် မရှိသလောက် အမှားများပါလိမ့်မယ်။
တဏှာပေမနဲ့ ယှဉ်တဲ့ ချစ်ခြင်းတွေ ဖြစ်တဲ့အတွက် အိမ်ထောင်မှုဆိုတာ ရှိလာမှာပါ။ အိမ်ထောင်မှုမတိုင် ခင်မှာလဲ တဦးနဲ့တဦး ချစ်မြတ်နိုးမှုနဲ့ ချစ်သူတွေ ဖြစ်ကြဦးမယ်။ ယောက်ျားသားတွေဟာ တရားမှာ မွေ့လျော်နိုင်တဲ့ ယောက်ျားသားများ တနည်း တရားကို သိနားလည်သော ယောက်ျားသားများ ရှိမှာ ဖြစ်သလို အခြားအရာတွေမှာ မွေ့လျော်တဲ့ ယောက်ျားတွေလဲ ရှိမှာပါ။ တရားမှာ မွေ့လျော်နေတဲ့ ယောက်ျားသားများ အတွက်တော့ ချစ်သူ သို့မဟုတ် ဇနီးသည်များဟာ သူတို့ပြုတဲ့ ကုသိုလ်ကောင်းမှုတွေမှာ ပါရမီဖြည့် ဆောင်ရွက်ပေးရမှာ ဖြစ်သလို အကယ်၍များ ချစ်သူ သို့မဟုတ် ခင်ပွန်းဟာ ကိလေသာ များဖွယ် အရာတွေမှာ ပျော်မွေ့နေမယ်ဆိုရင် မိန်းမသားတယောက်အနေနဲ့ အသိပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အများ အငြင်းပွားဖွယ် ဖြစ်လာနိုင်ပါတယ်။ ဘာလဲဆိုတော့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ လူမှုရေးအရ ဆက်ဆံ ရတာမျိုး (ဥပမာ အသောက်အစားကိစ္စအများစု) ဖြစ်လာမယ်ဆိုရင်ရော.. ဆိုပြီး ရှိလာနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင်တော့ အကုသိုလ်ဖြစ်နိုင်တဲ့ကိစ္စဆို တားရမယ်။ ကုသိုလ်ဖြစ်နိုင်တဲ့ကိစ္စကို အားပေးရပါမယ်။ ဥပမာ ဆိုရရင်.. အလှူအတန်းကိစ္စ ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်းက လုပ်ဆောင်နေမယ်ဆိုရင်… ယောက်ျားအချင်းချင်း ပြောဆိုနေကြသည် ဖြစ်စေ၊ မိန်းမများနှင့် ပြောဆိုနေကြသည်ဖြစ်စေ… မိန်းမသားများက နားလည်ပေးရပါလိမ့်မယ်။ အားပေးမှု ပြုရပါလိမ့်မယ်။ မုဒိတာပွားရပါလိမ့်မယ်။ ဒါမှ မဟုတ်ဘဲ.. အဲဒီ့ ကုသိုလ်ပြုမှုတွေကို သဝန်တိုမှု ဆိုတဲ့ စိတ်နဲ့ တားဆီးမယ်ဆိုရင် မိမိဟာ တာဝန်မကျေတဲ့၊ ပါရမီဖြည့်ရာ မရောက်တဲ့ မိန်းမသား တဦးဖြစ်သွားပါလိမ့်မယ်။ နောက်တမျိုးအနေနဲ့ကတော့ အပျော်အပါးအတွက်၊ အသောက်အစားအတွက် အချိန်ပေးတဲ့ခင်ပွန်း သို့မဟုတ် ချစ်သူကိုတော့ မိန်းမသားများမှာ ဆုံးမရန်၊ သတိပေးရန် တာဝန်အပြည့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ့ အပျော်အပါး အသောက်အစားဟာ စိတ်ကို ညစ်နွမ်းစေမှုလို့ ခေါ်တဲ့ ကိလေသာတိုးပွားစေမှုကို အားပေးနေလို့ပါပဲ။ အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ မိန်းမသားများ ရဲ့ တာဝန်ဟာ ကုသိုလ်ပြုမှုတွေကို နားလည်ပေးရမယ်၊ အားပေးရမယ်၊ ဖြည့်ဆည်းပေးရမယ်။ အကုသိုလ်ပြုမှုတွေကို တားဆီးရမယ်၊ ဟန့်တားရမယ်။ ဒါ အဓိက တာဝန်ပါ။ အယူမှားနေတဲ့ သူကို အယူမှန် သည်အထိ ပြုပြင်ပေးခဲ့တဲ့ ဝိသာခါလို စူဠသုဘဒ္ဒါလို (အနာတပိဏ်သမီး) အမျိုးသမီးမျိုးတွေကို အတုယူ စံပြထားရပါမယ်။

Saturday, May 14, 2011

သာသနာအတွက်တောင်းပန်ခြင်း

 မြတ်စွာဘုရားရှင်ပွင့်ထွန်းပေါ်ပြီးမကြာသေးခင်ကာလမှာသာသနာ့အတွက် တောင်းပန်လျှောက်ထားခဲသောစကား
ရပ်များကို စာဖတ်သူပရိတ်သတ်များမှတ်သားစေ...နာယူစေလိုသောစေတနာဆန္ဒ ဖြင့်  ဗြဟ္မာကြီးများလျှောက်ထားပုံ
က သာသနာအတွက် ကျေးဇူးများလှပါသည်။  မြတ်စွာဘုရားရှင်သည်.....
''ငါသိအပ်ပြီးသော ဤတရားကား နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာမဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏။ ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန် နှစ်ခြိုက်ကုန်၏၊ ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက် အလွန်နှစ်ခြိုက်ကြသော ဤသတ္တဝါများသည် အကျိုးတရားတို့၏ အကြောင်းဖြစ်သော ဤပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်ခဲ၏၊ ပြုပြင်မှုအားလုံး၏ ငြိမ်းရာ ဥပဓိ၁အားလုံးကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာ ရာဂ၏ ကင်းရာ ချုပ်ရာ ငြိမ်းရာ ဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏။ ငါသည်လည်း တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည်လည်း ငါ၏ တရားကို မသိနား မလည်နိုင်ကုန်ငြားအံ့၊ သို့ဖြစ်လျှင် ထို (တရားဟောခြင်း) သည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကိုယ် (ငါ) ညှဉ်းဆဲခြင်းသာ ဖြစ်ရာ၏''ဟု စိတ်အကြံဖြစ်တော်မူ၏)။
ထို့ပြင် အလွန်အံ့သြဖွယ်ကောင်းသော ဤဂါထာတို့သည်လည်း ရှေးက မကြားဖူးဘဲ မြတ်စွာ ဘုရား၏ စိတ်တော်၌ ထင်ပေါ်လာပြန်ကုန်၏-
'ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် သိအပ်ပြီးသော တရားကို ယခုအခါ ဟောပြခြင်းငှါ မသင့်လျော်ချေ၊ ရာဂ ဒေါသ နှိပ်စက်အပ်သော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ။
အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်သည် ဖုံးလွှမ်းအပ်သည် ဖြစ်၍ ရာဂတပ်စွဲနေသော သူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ) အဆန် တရားကို မြင်နိုင်ကြမည် မဟုတ်ချေ'ဟု (စိတ်တော်၌ ထင်ပေါ်လာပြန်ကုန်၏)။
ဤသို့ ဆင်ခြင်တော်မူစဉ် မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် ညွတ်တော်မမူဘဲကြောင့်ကြမဲ့နေရန် ညွတ်တော်မူ၏။
၈။ ထိုအခါ မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ သဟမ္ပတိ ဗြဟ္မာအား- ''အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ အချင်းတို့ လောကသည် ပျက်စီးတော့ မည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် ညွတ်တော်မမူဘဲကြောင့်ကြ့မဲ့နေရန် ညွတ်တော်မူတုံဘိ၏''ဟု အကြံဖြစ်ပေါ်လေ၏။
ထို့နောက် ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်ရုံးကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်ရုံးကို ကွေးသကဲ့သို့လည်းကောင်း သဟမ္ပတိဗြဟ္မာသည် ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့ပြီးလျှင် မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာ၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် အပေါ်ရုံကို ပခုံးတစ်ဖက်၌ တင်၍ လက်ယာဒူးကို မြေ၌ ထောက်လျက် မြတ်စွာဘုရားသို့ လက်အုပ်ချီပြီးလျှင်-
''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု လျှောက်၏။
သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကိုလည်း လျှောက်ပြန်၏- ''ရှေးအခါ မဂဓတိုင်းတို့၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့ ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါသည်၊ အမြိုက်နိဗ္ဗာန်၏ တံခါးကို ဖွင့်လှစ်တော်မူပါလော့၊ အညစ်အကြေး ကင်းဝေးတော်မူသော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော (သစ္စာလေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေကုန်လော့။
ကောင်းမြတ်သော ပညာ့ရှင် ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်စွမ်းနိုင်သော ဉာဏ်) မျက်စိ ရှိတော်မူသော မြတ်စွာဘုရား၊ ကျောက်တောင် ထိပ်၌ ရပ်တည်လျက်ရှိသော ယောက်ျားသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ စိုးရိမ်ပူဆွေး ကင်းဝေးတော်မူသော အသျှင်ဘုရားသည် ပညာ (ဓမ္မ)ဖြင့် ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ နှိပ်စက်အပ်သဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကို ကြည့်ရှု့ တော်မူပါလော့။
ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား ထတော်မူပါလော့။ ယာဉ်မှူးနှင့်တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။ ဘုန်းတော် ကြီးသော မြတ်စွာဘုရား တရားဟောတော်မူပါလော့။ (တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု (လျှောက်ပြန်၏)။ ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် သဟမ္ပတိဗြဟ္မာအား ဤစကားကို မိန့်တော်မူ၏-
''ဗြဟ္မာ ငါ့အားလည်း ဤသို့သော အကြံသည် ဖြစ်၏။ 'ငါသိအပ်ပြီးသော ဤတရားကား နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာ မဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏။ ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန်နှစ်ခြိုက်ကုန်၏၊ ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက် အလွန် နှစ်ခြိုက်ကြသော ဤသတ္တဝါများသည် အကျိုးတရားတို့၏ အကြောင်း တရားဖြစ်သော ဤပဋိစ္စသမုပ္ပါဒ် တရားကို မြင်နိုင်ခဲ၏၊ ပြုပြင်မှုအားလုံး၏ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာ ရာဂ၏ ကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏။ ငါသည် တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည်လည်း ငါ၏ တရားကို မသိနားမလည်နိုင်ကုန်ငြားအံ့၊ သို့ဖြစ်လျှင် ထို (တရားဟောခြင်း) သည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကိုယ် (ငါ) ညှဉ်းဆဲခြင်းသာ ဖြစ်ရာ၏ '၊ ဤသို့ (အကြံဖြစ်ဟု မိန့်တော်မူ၏) ''။
ဗြဟ္မာ ထို့ပြင် အလွန်အံ့ဖွယ်ကောင်းသော ဤဂါထာတို့သည်လည်း ရှေးကမကြားဖူးဘဲ ငါ၏ (စိတ် ထဲ၌) ထင်ပေါ်လာပြန်ကုန်၏-
'ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် သိအပ်ပြီးသော တရားကို ယခုအခါ ဟောပြခြင်းငှါ မသင့်လျော်ချေ၊ ရာဂ ဒေါသ နှိပ်စက်အပ်သော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ၊ အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်သည် ဖုံးလွှမ်းအပ်သည် ဖြစ်၍ ရာဂတပ်စွဲနေသော သူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ) အဆန် တရားကို မြင်နိုင်ကြမည် မဟုတ်ချေဟု (ငါ၏ စိတ်ထဲ၌ ထင်ပေါ်လာပြန်ကုန်၏)။
ဗြဟ္မာ ဤသို့ ဆင်ခြင်စဉ် ငါ၏စိတ်နှလုံးသည် တရားဟောရန် မညွတ်ဘဲ ကြောင့်ကြမဲ့နေရန် ညွတ်ခဲ့၏''ဟု (မိန့်တော်မူ၏)။
နှစ်ကြိမ်မြောက်လည်း သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရားအား- ''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု လျှောက်၏။ ဤစကားကို လျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကို လျှောက်ပြန်၏-
''ရှေးအခါ မဂဓတိုင်းတို့၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့ ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါသည်၊ အမြိုက်နိဗ္ဗာန်၏ တံခါးကို ဖွင့်လှစ်တော်မူပါလော့၊ အညစ်အကြေး ကင်းဝေးတော်မူသော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော (သစ္စာလေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေကုန်လော့။
ကောင်းမြတ်သော ပညာ့ရှင် ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်စွမ်းနိုင်သော ဉာဏ်) မျက်စိရှိတော်မူသော မြတ်စွာဘုရား၊ ကျောက်တောင်ထိပ်၌ ရပ်တည်လျက် ရှိသော ယောက်ျားသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ စိုးရိမ်ပူဆွေး ကင်းဝေးတော်မူသော အသျှင်ဘုရားသည် ပညာ (ဓမ္မ)ဖြင့် ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ နှိပ်စက်အပ်သဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကို ကြည့် ရှုတော်မူပါလော့။
ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား၊ ထတော်မူပါလော့၊ ယာဉ်မှူးနှင့် တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။ ဘုန်းတော် ကြီးသော မြတ်စွာဘုရား တရားဟောတော်မူပါလော့။ (တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု (လျှောက်ပြန်၏)။
နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် သဟမ္ပတိဗြဟ္မာအား ဤစကားကို မိန့်တော်မူ၏- ''ဗြဟ္မာ စင်စစ် ငါ့အားလည်း ဤသို့သော အကြံ ဖြစ်ဖူး၏။ 'ငါသိအပ်ပြီးသော ဤတရားကား နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာ မဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏။ ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန်နှစ်ခြိုက်ကုန်၏၊ ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက် အလွန်နှစ်ခြိုက်ကြသော ဤသတ္တဝါများကား အကျိုးတရားတို့၏ အကြောင်း တရားဖြစ်သော ဤပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်ခဲ၏၊ ပြုပြင်မှုအားလုံး၏ ငြိမ်းရာ ဥပဓိအားလုံး ကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာ ရာဂ၏ ကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏။ ငါသည်လည်း တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည်လည်း ငါ၏ တရားကို မသိနားမလည်နိုင်ကုန်ငြားအံ့၊ သို့ဖြစ်လျှင် ထို (တရားဟောခြင်းသည်) ငါ့အား ပင်ပန်း ရုံသာ ဖြစ်ရာ၏၊ ငါ့ကိုယ် (ငါ) ညှဉ်းဆဲခြင်းသာ ဖြစ်ရာ၏''ဟု အကြံဖြစ်ဖူး၏)။
ဗြဟ္မာ ထို့ပြင် အလွန်အံ့ဖွယ်ကောင်းသော ဤဂါထာတို့သည်လည်း ရှေးက မကြားဖူးဘဲ ငါ၏့ (စိတ်ထဲ၌) ထင်ပေါ်လာပြန်ကုန်၏- ''ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် သိအပ်ပြီးသော တရားကို ယခုအခါ ဟောပြခြင်းငှါ မသင့်လျော်ချေ၊ ရာဂ ဒေါသ နှိပ်စက်အပ်သော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ။
အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်သည် ဖုံးလွှမ်းအပ်သည် ဖြစ်၍ ရာဂတပ်စွဲနေသော သူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ) အဆန် တရားကို မြင်နိုင်ကြမည် မဟုတ်ချေ''ဟု (စိတ်ထဲ၌ ထင်ပေါ်လာပြန်ကုန်၏)။
ဗြဟ္မာ ဤသို့ဆင်ခြင်စဉ် ငါ၏ စိတ်နှလုံးသည် တရားဟောရန် မညွတ်ဘဲကြောင့်ကြမဲ့နေရန်သာ ညွတ်ခဲ့၏''ဟု (မိန့်တော်မူ၏)။
သုံးကြိမ်မြောက်လည်း သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရားအား- ''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု လျှောက်၏။
သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကိုလည်း လျှောက် ပြန်၏- ''ရှေးအခါ မဂဓတိုင်းတို့၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့ ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါသည်၊ အမြိုက်နိဗ္ဗာန်၏ တံခါးကို ဖွင့်လှစ်တော်မူပါလော့၊ အညစ်အကြေး ကင်းဝေးတော်မူသော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော (သစ္စာလေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေကုန်လော့။
ကောင်းမြတ်သော ပညာ့ရှင်ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်စွမ်းနိုင်သော ဉာဏ်) မျက်စိရှိတော်မူသော မြတ်စွာဘုရား၊ ကျောက်တောင်ထိပ်၌ ရပ်တည်လျက်ရှိသော ယောက်ျားသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ စိုးရိမ်ပူဆွေးကင်းဝေးတော်မူသော အသျှင်ဘုရားသည် ပညာ (ဓမ္မ)ဖြင့် ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ နှိပ်စက် အပ်သဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကို ကြည့်ရှုတော်မူပါလော့။
ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား၊ ထတော်မူပါလော့။ ယာဉ်မှူးနှင့် တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။ ဘုန်းတော် ကြီးသော မြတ်စွာဘုရား တရားဟောတော်မူပါလော့။ (တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု (လျှောက်ပြန်၏)။
၉။ ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာ၏ တောင်းပန်ခြင်းကို အသိအမှတ် ပြုပြီးလျှင် သတ္တဝါတို့၌ သနားခြင်းကိုလည်း အကြောင်းပြု၍ ဗုဒ္ဓစက္ခုဖြင့်၂ လောကကို ကြည့်တော်မူ၏၊ မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသူ၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူများပြားသူ၊ ဣနြေ္ဒရင့်ကျက်ပြီးသူ ဣနြေ္ဒနုသေးသောသူ၊ ကောင်းသော အခြင်းအရာရှိသူ မကောင်းသော အခြင်းအရာရှိသူ၃၊ သိစေရန် လွယ်ကူသူ သိစေရန် ခက်ခဲသူ၊ တမလွန် လောက အပြစ်တို့ကို ဘေးဟု ရှုလျက် နေလေ့ရှိသူအချို့နှင့် တမလွန်လောက အပြစ်တို့ကို ဘေးဟု ရှုလျက် နေလေ့မရှိသူအချို့တို့ကို မြင်တော်မူ၏၊ ဥပမာသော်ကား ဥပ္ပလကြာ၎တော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ္ဍရိက်ကြာတော၌လည်းကောင်း အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏၊ အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌့ပေါက်ကုန်၏။ ရေ၌ ကြီးပွါးကုန်၏၊ ရေနှင့်အညီ တည်ကုန်၏၊ အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက် ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေပေါ်သို့ တက်၍ တည်ကုန်၏၊ ရေနှင့် မလိမ်းကပ်ကုန်၊ ဤ အတူသာလျှင် မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသူ၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူများပြားသူ၊ ဣနြေ္ဒရင့်ကျက်ပြီးသူ ဣနြေ္ဒ နုသေးသူ၊ ကောင်းသော အခြင်းအရာရှိသူ မကောင်းသော အခြင်းအရာရှိသူ၊ သိစေရန် လွယ်ကူသူ၊ သိစေရန် ခက်ခဲသူ၊ တမလွန်လောက အပြစ်တို့ကို ဘေးဟု ရှုလေ့ရှိသူအချို့နှင့် တမလွန်လောက အပြစ် တို့ကို ဘေးဟု မရှုဘဲ နေလေ့ရှိသူ အချို့တို့ကို မြင်တော်မူသောကြောင့် သဟမ္ပတိဗြဟ္မာအား-
'' ဗြဟ္မာ လေ့လာပြီးသော တရားမြတ်ကို ပင်ပန်းရုံသာဟု အမှတ်ရှိသည်ဖြစ်၍ လူတို့အား မဟောခဲ့ပြီ (မဟောဘဲ နေရန် အကြံ ဖြစ်ခဲ့ပြီ)၊ ပညာတည်းဟူသော နားနှင့်ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း (သဒ္ဓါတရား) ကို စေလွှတ်ကြကုန်လော့၊ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ငါဖွင့်အပ်ပြီ''ဟု ဂါထာဖြင့် မိန့်တော်မူ၏။
ထိုအခါ သဟမ္ပတိဗြဟ္မာသည် ''မြတ်စွာဘုရားသည် တရားဟောရန် ငါ့အား ခွင့်ပြုတော်မူပြီ''ဟု (သိသဖြင့်) မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ထိုနေရာ၌ပင် ကွယ်သွားလေ၏။ ဗြဟ္မာတောင်းပန်ခြင်း ပြီး၏။
------

Wednesday, May 11, 2011

ငိုပွဲပေါင်း များစွာကြောင့်

ငိုပွဲပေါင်း များစွာကြောင့်
စိုရွှဲခဲ့ရတဲ့ မျက်ရည်တွေမနည်းတော့။
မရေမတွက်နိုင်တဲ့ သေပွဲတွေကြောင့်
အနေခက် ကြေကွဲရပေါင်းလည်း များလှပြီ။
သူနဲ့ လမ်းခွဲခဲ့ရလို့
အပူနဲ့ ၀မ်းနည်းရပေါင်းလည်း အသင်္ချေမက။
အော်…
အာသာမပြေ
ဒီ တဏှာတွေ ငါဖက်လို့
ကမ္ဘာအထွေထွေ ပတ်ခဲ့ရပေါင်းလည်း မရေမတွက်နိုင်။
စဉ်းစားပါရစေ…
ဆင်ခြင်ပါရစေ…
သုံးသပ်ပါရစေ…
ဆုံးဖြတ်ပါရစေ…။
ဒါတွေကိုသိရက်နဲ့
ဘာအတွက် ငါ့ကိုယ်ငါညှာနေတာလဲ
ဘာကြောင့်များ ငါ့ကိုယ်ငါညာနေတာလဲ။
ဒီ့ထက်ပိုကာ ဆက်ညှာနေရင်
ရှေ့ဆက်ကာသာ ဆက်ညာနေရင်
ငိုပွဲတွေဆက်
ကိလေသာကြွေးတွေထပ်လို့
ခန္ဓာနဲ့ရင်းကာ
ဆပ်ခြင်းသာ ရှိတော့မှာပါလား…။


သို့အတွက်ကြောင့်… သို့အတွက်ကြောင့်…

Monday, May 9, 2011

ကမ္မဌာန်းတရားအားထုတ်ခြင်းကြောင့်

တရားအားထုတ်သူတို့ ၏ဦးနှောက်သည် တရားအားမထုတ်သူတို့၏ ဦးနှောက်ထက် ပိုမို ကြီးထွားဖွံဖြိုးသည်။
တရားအားထုတ်ခြင်းသည် လူ့ဦးနှောက်၏ အရွယ်အစား၊ တည်ဆောက်ပုံကို ပြောင်းလဲနိုင်ကြောင်း.....
ဟားဗက်တက္ကသိုလ်၊ယေးတက္ကသိုလ်နှင့် မန်ဆာချူးဆက်တက္ကသိုလ် သုတေသနများမှ ဖော်ထုပ်တွေ့ ရှိခဲ့သည်။
လူကြီးများ၏ ဦးနှောက်အရွယ် ကြီးထွားနှုန်းသည် လူငယ်များ၏ ကြီးထွားနှုန်းထက် ပိုမိုထင်ရှားသည်။
ကျမတို့၏လေ့လာတွေ့ ရှိချက်များအရ တရားအားထုတ်ခြင်းဖြင့်
ဦးနှောက်၏ ခံစားမှု့ဆိုင်ရာ လုပ်ဆောင်ချက်များ၊စဉ်းစားတွေးခေါ်မှု့ဆိုင်ရာ လုပ်ဆောင်ချက်များကို ဖြစ်စေသော ဧရိယာနေရာတို့်၌
တိုးတက်ဖွံဖြိုးလာနိုင်ကြောင်း ဟားဗက်ဆေးတက္ကသိုလ်၏ သုတေသနအဖွဲ့ ခေါင်းဆောင် ဆာရာလာဇာ က ပြောခဲ့သည်။
သူမ၏တွေ့ ရှိချက်များသည် တခြားသော သက်သေပြချက်များနှင့်လည်း ကိုက်ညီနေသည်။
တူရိယာပညာရှင်၏ ဦးနှောက်သည် တေးဂီတဆိုင်ရာ လုပ်ဆောင်ချက်များ ဆောင်ရွက်သော ဧရိယာနေရာ၌ ပိုမိုကြီးထွားလေ့ရှိသည်။
ထပ်ခါ ထပ်ခါ လေ့ကျင့်ခြင်းဖြင့် အရွယ်ရောက်ပြီးသော လူတစ်ယောက်၏ ဦးနှောက်တည်ဆောက်ပုံကို ပြောင်းလဲနိုင်သည်။

ပုံမှန် တရားထိုင်လေ့ရှိသော ယောဂီအယောက်၂၀ တို့၏ ဦးနှောက်စကန်မှတ်တမ်း(Brain Scan) နှင့်
လုံးဝ တရားအားမထုတ်ဘူးသော သာမာန်လူ ၁၅ယောက်၏ ဦးနှောက်စကန်မှတ်တမ်း(Brain Scan)များကို နှိုင်းယှဉ်လေ့လာခဲ့သည်။
ယောဂီလေးဦးသည် တရားသမားများ(သို့)ယောဂ လေ့ကျင့်သူများဖြစ်သည်။
ထိုအယောက်၂၀ အားလုံးမှာ တောရဆောက်တည်ပြီး ကမ္မဌာန်းတရားပွားများနေသော ရဟန်းတော်များ မဟုတ်ပါ။
ကျန်၁၆ယောက်မှာ ရှေ့နေ၊သတင်းသမားနှင့် ကျန်းမားရေးဝန်ထမ်းများဖြစ်ကြသည်။
အစမ်းသပ်ခံသူများ အားလုံးသည် လူဖြူလူမျိုးများဖြစ်ကြသည်။
ဦးနှောက်စကန်မှတ်တမ်း(Brain Scan) များကို ရယူနေစဉ် ယောဂီများအားလုံးမှာ တရားအားထုတ်နေကြပြီး
တရား မထိုင်ဖူးသည့် သာမာန်လူများအားလုံးမှာ မိမိတို့ နှစ်သက်ရာကိုတွေးတောနေခဲ့ကြသည်။

ခံစားမူဆိုင်ရာအတွေ့ အကြုံ၏ အတွေးများ(thoughts) ထက်
ခံစားမူဆိုင်ရာအတွေ့ အကြုံများကို အာရုံပြုခြင်း(attention) လေ့လာရန် ရည်ရွယ်ခဲ့သည်ဟု လာဇာကရှင်းပြသည်။
ဥပမာ အသံတစ်သံကြားတာနှင့်တပြိုင်နက် (အသံအကြောင်းမစဉ်းစားခင်) အရင်နားထောင်တတ်ကြသည်။
ချော်လဲတာနှင့်တပြိုင်နက် နာကျင်တာကို ချက်ချင်း သတိပြုမိပါသည်။
ကျွမ်းကျင်စွာ တရားအားထုတ်နိုင်သည့် ယောဂီတစ်ယောက်သည် တွေးတောစိတ်ကူးယဉ်နေလေ့ မရှိပါ။

အစမ်းသပ်ခံ ယောဂီများသည် နေ့ စဉ် မိနစ်၄၀ ခန့် တရားထိုင်လေ့ရှိသည်။
တစ်နှစ်ကျော် တရားအားထုတ်ထားသော ယောဂီမှ ၁၀နှစ်ကျော် အားထုတ်ဖူးသော ယောဂီများ ပါဝင်ကြသည်။
ကမ္မဌာန်းအာရုံ၌ စိတ်၏ နှစ်မြုတ်ထားနိုင်စွမ်းကို အသက်ရူနှုန်း မည်မျှနှေးသွားသည်ဆိုသည်နှင့် တိုင်းတာပါသည်။
ကမ္မဌာန်းအာရုံ၌ စိတ်ကို စူးစိုက်နစ်ထားနိုင်ကြောင်းကို ယောဂီတို့၏ ဦးနှောက်၌ ကြီးမားတဲ့ပြောင်းလဲမူတွေက သက်သေပြခဲ့သည်။
ဦးနှောက်၏ တည်ဆောက်ပုံ ( Brain Structure ) ပြောင်းလဲမူသည် တရားဘာဝနာအားထုတ်ခြင်းကြောင့်ဖြစ်သည်။

လွန်ခဲ့သည့်၁၀နှစ်ကျော်ကတည်းက လာဇာ စတင် တရားအားထုတ်ခဲ့သည်။ တပတ်လျှင် သုံးခါ တရားအားထုတ်ဖြစ်သည်။
အစကတော့ ဘာမျှ သိပ်နားမလည်ခဲ့ပါ။ စိတ်ပင်ပန်းမှုတွေ သိသိသာသာ လျှော့နည်းလာတယ်၊ပိုမိုရှင်းလင်းပြတ်သားတဲ့ စိတ်ကူးကောင်းတွေရလာသည်၊
ခက်ခဲတဲ့အကြပ်အတည်းတွေကြားမှာ အာရုံစူးစိုက်နှိုင်စွမ်း မြင့်မားလာတယ် လို့  လာဇာ က ရှင်းပြခဲ့သည်။

ဗရမ်းဗတာ အတွေးများကို တားမြစ်ခြင်း (Controlling random thoughts )

ဝိပဿနာဘာဝနာကို အချိန်မရွေး၊ နေရာမရွေး အားထုတ်နိုင်ပါသည်။
အားထုတ်နေကြ ယောဂီတစ်ယောက်သည် ဗရမ်းဗတာအတွေးတွေ ခေါင်းထဲကိုဝင်လာပြီဆိုတာနှင့်တစ်ပြိုင်နက် ချက်ချင်းသတိထားမိပါသည်။
အရေးကြီးတဲ့ deadline တွေ လွဲချော်သွားရတော့မည့်အခါ၊
အလုပ်ရှင်(သို့)မန်နေဂျာက မိမိ၏ လုပ်ဆောင်မူတွေကို မကြိုက်သည့်အခါတွေမှာ လူတွေကအလွန်စိုးရိမ်ပူပန်တတ်ကြသည်။
အဲဒီအချိန်မှာလူတွေဟာ ကိုယ်ကိုကိုယ် စိုးရိမ်ပူပန်မူတွေနှင့် ခြောက်ခြားရူးသွတ်စေပြီး မိမိရဲ့စွမ်းဆောင်ရည်တွေ ကျဆင်းသွားစေသည်။
အဲဒီ စိုးရိမ်ပူပန်မူတွေအစား လက်ရှိပစ္စုပန်မှာ အခုဘာလုပ်သင့်သလဲ၊ဘာဖြစ်နေသလဲ ဆိုတာတွေ အာရုံစိုက်မိရင် ပူပန်မူ ဖြေပျောက်သွားတတ်သည်။
ထိုအခိုက်၌ ရှောရှောရုရူ အလုပ်တွေပြီးသွားတတ်ကြောင်းကိုလည်း လာဇာ က ပြောခဲ့သည်။


ဦးနှောက်ကြီးထွားလာတဲ့ ပမာဏက တစ်လက်မရဲ့ တစ်ထောင်ပုံ၎ပုံ မှ ၈ပုံအတွင်းရှိပါတယ်။
တစ်လက်မ၏ တစ်ထောင်ပုံ ၄ပုံ မှ ၈ပုံခန့်အထိ ကြီးထွားလာသည့် ဦးနှောက်ပမာဏသည်
ယောဂီတစ်ယောက်ရဲ့ တသက်တာအတွင်း တရားထိုင်ခဲ့တဲ့ အချိန်စုစုပေါင်းနှင့် တိုက်ရိုက်အချိုးကျပါသည် ဟု လာဇာ က ပြောခဲ့သည်။
ထိုပမာဏကို ကမ္မဌာန်တရား အပြင်းအထန်အားထုတ်စဉ်က ရရှိခဲ့ခြင်းဖြစ်သည်။
၁၀ ရက်၊၁ ပါတ် အားထုတ်ပြီး ယောဂီလို အမည်တပ်ခံရရုံသက်သက်နှင့်တော့ ဦးနှောက်က ကြီးထွားလာမှာမဟုတ်ပါဘူး။

အလွန်သေးငယ်သည့် ပမာဏပဲ ကြီးထွားပါစေ။ ထိုကြီးထွားခြင်းက ကမ္မဌာန်းတရားအားထုတ်ခြင်းကြောင့် ဖြစ်သည်။
ထိုကြီးထွားခြင်းကြောင့် ဘယ်လိုကျန်းမားရေးတွေ တိုးတက်ကောင်းမွန်လာတယ်၊
အိုမင်းရင့်ရော်ခြင်းတွေကို ဘယ်လိုနှေးကွေးစေတယ်ဆိုတဲ့ လေ့လာမှုတွေကို ဦးဆောင်ပါလိမ့်ဦးမည်။

မည်သည့်အရာက ဦးနှောက်ကို ကြီးထွားလာစေလဲ။
တရားအားထုတ်ခြင်းနှင့် ဦးနှောက်ရဲ့ဆဲလ်တွေ(သို့မဟုတ်)သွေးလွတ်ကြော၊သွေးပြန်ကြောတို့နှင့် ဆက်သွယ်မူ ရှိ မရှိ။
ထိုကြီးထွားခြင်းက နေ့စဉ်ပြုမူပြောဆိုလုပ်ကိုင်ပုံတွေကို ဘယ်လို လွှမ်းမိုးချူပ်ကိုင်သလဲ။
ဦးနှောက်၏ စဉ်းစားတွေးခေါ်မှု့ပိုင်းဆိုင်ရာ ဧရိယာနေရာနှင့်
ခံစားမှု့ပိုင်းဆိုင်ရာ ဧရိယာနေရာတို့ အပြန်အလှန် ဆက်သွယ်ချက်တွေ ဘယ်လိုကောင်းမွန်လာသလဲ...စတဲ့
အခြေခံမေးခွန်းတွေများစွာကို အဖြေရှာရန် လိုအပ်ပါသည်။
မန်ဆာချူးဆက်အထွေထွေဆေးရုံကြီး၌ ထိုမေးခွန်းများစွာတို့ကို ဖြေဆိုရန်အတွက် အလွန်ကျယ်ပြန့်တဲ့ လေ့လာမူများကို ပြုလုပ်ရန် စီစဉ်ခဲ့ပါသည်။

ရရှိထားတဲ့ ရလာဒ်တွေက အရမ်းကို အားရ ကျေနပ်စရာကောင်းပါတယ်။
ပိုများတဲ့ ယောဂီတွေနှင့် အကြိမ်ပေါင်းများစွာ ထပ်မံစမ်းသပ်ရန် လိုအပ်ပါတယ်။
ယောဂီတစ်ယောက် တရားစတင် အားမထုပ်ခင်ကဦးနှောက်နှင့်
ကျွမ်းကျင်စွာ တရားအားထုတ်နိုင်တဲ့ဦးနှောက်ကို နှိုင်းယှဉ်လေ့လာရန် အခုကျမတို့အဖွဲ့ စီစဉ်နေပါပြီ ဟုလာဇာကပြောကြားခဲ့သည်။
                                                                                 ဘာသာပြန်ဆိုသူ ကောင်းထက်ညွန့်

Sunday, May 8, 2011

ဒေါသနည်းအောင်နေနည်း

ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း တရားတော်အားဝေငှလိုက်ပါသည်။
လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။


• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။


• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။


• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။


• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့် ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။


• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။


• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။


• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော် နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။


• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင် တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊ စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့ စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။


• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။


• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။


• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက် မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင် ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ် ။


• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။


• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။


• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့ အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။


• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။


• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။


• ဘယ်အလုပါမျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။


• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။
လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။

ကနဦးစွာ ဆရာတော် ပြောပြဆုံးမသည့်အတိုင်း လိုက်နာကျင့်သုံးကြည့်တော့ ကျွန်တော်ရင်ထဲ အတော်ပေါ့သွားပါတယ်။ ဒီစာလေးကို ၇ခေါက်၈ခေါက် ဖတ်လိုက်တယ် အမြဲမှတ်မိနေအောင်ပါ။ ဒေါသတရား ဖြစ်လာမယ့်စိတ်ကို ချုပ်ထိန်းနိုင်ပါတယ်။ ဒါလက်တွေ့ပါပဲ။ လောကီအတွက်ပါ အကြိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။ တရားအရသာကို နှစ်သက်၍ တရား၌မွေ့လျော်၊ တရားနှင့်ပျော်ကာ ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေဗျာ။